ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးအပါအဝင် ၁၅ ဦးဖမ်းဆီးခံရ

0
317

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်ရှိ ဆီအုန်းခြံအတွင်း၌ ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးအပါအဝင် ၁၅ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၃ နာရီခန့်က ရနောင်းခရိုင်တာဝန်ရှိသူများသည် နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများမရှိစေရန် စစ်ဆေးမှုများပြုလုပ်စဥ် ပစ်ကပ်ကား ၂ စီးအားစစ်ဆေးရန်တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်သွားခဲ့ကြသည်။

ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ ကားတစ်စီးအား ရနောင်းခရိုင်၊ကရဘူရီမြို့နမ်းကျိန့်ရွာရှိ စားအုန်းဆီခြံတွင် မြန်မာနိုင်ငံသားများအားထား၍ ကားမောင်းသူမှ ထွက်ပြေးတိမ်း ရှောင်သွားခဲ့ပြီး ကားပေါ်မှမြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ အခြားပစ်ကပ်ကားကိုလည်း ကရဘူရီမြို့၊နမ်းကျိန့်နွဲရွာ၌ အမျိုးသား ၂ ဦး၊အမျိုးသမီး ၁ ဦးနှင့်က‌လေးငယ် ၁ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ရနောင်းခရိုင်တာဝန်ရှိသူများက သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here