မပြီးနိုင်မစီးနိုင် အဖြေမထွက်နိုင် ဖြစ်နေသည့် လက်နက် ကိုင်သံသရာမှ ရုန်းထွက်ကြရန် အချိန်ကျပြီဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
295

လွတ်လပ်ရေးရပြီးနောက် မကြာမီကပင် စတင်ပေါ် ပေါ က်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများမှာ မပြီးနိုင်မစီးနိုင်ဖြစ်နေသည့်အတွက် ရုန်းထွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြော ကြားလိုက်သည်။

ဒီဇင်ဘာ (၂၂) တွင် ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ပြည်တွင်း လက်နက်ပိုင် ပဋိပက္ခများသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုသို့ အပြီးနိုင်မစီးနိုင် ၊ အ ဖြေမထွက်နိုင်ဖြစ်နေသည့် လက်နက်ကိုင် သံသရာမှာ ရုန်းထွက်ကြရန် အချိန်ကြပြီဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ် ငြိမ်းစေရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NCA လမ်းကြောင်းအတိုင်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက လိုလားတောင်းတနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အ ခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအ တွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးသည် အဓိက လိုအပ်ချက်ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့ကြောင့် နိုင်ငံနှင့် ပြည်သူတစ်ရပ်လုံးအတွက် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင် ပဋိပက္ခများကို စွန့် ခွာ၍ တွေ့ဆုံဆွေးနွေးရေးမှတဆင့် နိုင်ငံရေးလမ်းကြော င်းပေါ်သို့ လျှောက်လှမ်းကြရန်လည်း တိုက်တွန်းထားသ ည်။

လက်ရှိတွင် နစက နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ ရှိနေပြီး ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများ ရရှိထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here