တရုတ်ကာကွယ်ဆေးကြောင့် ကမ္ဘောဒီးယား၌ကိုဗစ်အားထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်

0
214

ဖနွမ်းပင်၊ဒီဇင်ဘာ ၂၂

ကမ္ဘောဒီးယား၏ တာဝန်ရှိသူများနှင့် ပညာရှင်များသည် ကပ်ရောဂါအစောပိုင်းကာလကတည်းက တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထောက်ပံ့ပေးခဲ့မှုအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

အဆိုပါကာကွယ်ဆေးများကြောင့် နိုင်ငံသူ၊သားများ၏အသက်ကိုကာကွယ်နိုင်ခဲ့ပြီး စီးပွားရေးတိုးတက်မှု ကို ပြန်ရခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

ကပ်ရောဂါအစောပိုင်းကာလကတည်းက ကမ္ဘောဒီးယားသို့ ဆေးဝါးပညာရှင်များ၊ဆေးပစ္စည်းများနှင့် ကာကွယ်ဆေးအမြောက်အများကို ပို့ဆောင်ပေးခဲ့သည့်အတွက်လည်း တရုတ်နိုင်ငံအား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘောဒီးယားနှင့်တရုတ်တို့အကြား ကောင်းမွန်သောဆက်ဆံရေးသည် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာအဖြစ်ရှိသင့်သည်ဟုလည်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ကာကွယ်ဆေးအကူအညီကြောင့်သာ ၂၀၂၁ ခုနှစ်နိုဝင်ဘာလကတည်းက ကမ္ဘောဒီးယားရဲ့ နယ်စပ်ဂိတ်တွေကို ရဲရဲတင်းတင်းဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်၊တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားရဲ့ မိတ်ဆွေစစ်တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားပြည်သူတွေနဲ့အတူ အေးအတူပူအမျှနေသွားမဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ဒေတာများအရ ကမ္ဘောဒီးယားနိုင်ငံလူဦးရေ ၁၆ သန်း၏ ၉၁ ရာခိုင်နှုန်းသောသူများသည် ကာကွယ်ဆေးနှစ်ကြိမ်အထိထိုးထားပြီးဖြစ်ကြောင်း သိရှိရပြီး နိုင်ငံ၏ ၆၅ ရာခိုင်နှုန်းသောသူများသည် ကာကွယ်ဆေးသုံးကြိမ်အထိထိုးနှံထားပြီးဖြစ်ကြောင်းသိရှိရသည်။

Source : xinhua


LEAVE A REPLY

Please enter your comment!
Please enter your name here