၁၀ တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ကျောင်းသူများကိုကြိုမည့် ကျောင်းကြို/ပို့ကားအား PDF အဖွဲ့ဝင်များက ရီမုမိုင်းဖြင့်မိုင်းခွဲတိုက် ခိုက်ပြီး သေနတ်များဖြင့်ပစ်ခတ်၍ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရဟု နစက ထုတ်ပြန်

0
297

ကချင်ပြည်နယ်၊မဘိမ်းမြို့နယ်၊ငါးအိုးကျေးရွာ၊ငါးအိုးမြို့မစျေးအနီး၌ ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က မဘိမ်းမြို့ နယ်၊ငါးအိုးကျေးရွာ၊ငါးအိုးမြို့မစျေးအနီး၌ အ.ထ.က(ငါးအိုး)တွင် ၁၀ တန်းစာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ကျောင်းသူများအား ကြိုရန်ထွက်ခွာလာသည့်ကားအား PDF အဖွဲ့ဝင်များက ရီမုမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသည်။

သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွား ရောက်စစ်ဆေးရာ PDF အဖွဲ့ဝင်များက လက် နက်ကြီး၊သေနတ်များဖြင့်လည်း ထပ်မံပစ်ခတ်ခဲ့ကြသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်များသည် ငါးအိုးကျေးရွာ၏ အ နောက်တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် အခင်းဖြစ်နေရာအနီးရှိနေသည့် အမျိုးသား ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် သေဆုံးသူ၏ ရုပ်အလောင်းအား လုံခြုံရေးအဖွဲ့ဝင်များက နေအိမ်သို့ပြန်လည်ပို့ ဆောင်ပေးခဲ့ကြသည်။

ထို့ပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးကိုလည်း လုံ ခြုံရေးအဖွဲ့ဝင်များက ဆေးကုသမှုခံယူနိုင်ရန် နယ်မြေခံတပ်ရင်းဆေးပေးခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပ ဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here