အိန္ဒိယသည်နိုင်ငံခြားခရီးသည်များအား ကိုဗစ်ရှိ မရှိ ကျပန်းစမ်းသပ်မှုများ စတင်လုပ်ဆောင်နေ

0
105

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု တိုးများလာခြင်းကြောင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ လေဆိပ်များသို့ ရောက်ရှိလာသော နိုင်ငံခြား ခရီးသည်များအား ကိုဗစ် ရှိ မရှိ ကျပန်းစစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း နိုင်ငံ၏ ဖက်ဒရယ် ကျန်းမာရေးဝန်ကြီး မန်ဆစ်ခ် မန်ဒါဗီရာ က ပြောကြားခဲ့သည်။

မန်ဒါဗီရာ သည် အဆိုပါ စည်းမျဉ်းသစ်အား ဒီဇင်ဘာလ ၂၂ ရက် ကြာသပတေးနေ့တွင် ပါလီမန်၌ ကြေညာခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအား ကိုဗစ် မျိုးကွဲအသစ် အားလုံးအတွက် စောင့်ကြည့်မှု တိုးမြှင့်ရန်နှင့် စစ်ဆေး တွေ့ရှိသမျှ ကိုဗစ်ရောဂါများ၏ နမူနာအားလုံးကို ဓာတ်ခွဲခန်းများသို့ ပေးပို့ရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံတွင် လက်တလော ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေရခြင်း၏ အဓိက တရားခံဖြစ်သည့် အိုမီခရွန် မျိုးကွဲ BF.7 ကူးစက်ခံထားရသူ လေးဦးထက်မနည်းကို အိန္ဒိယတွင် စစ်ဆေးတွေ့ရှိထားကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။

သို့သော်ည်း အိန္ဒိယအစိုးရသည် ရောဂါကူးစက်မှုအသစ်များတွေ့ရှိသည့် နိုင်ငံများမှ လေယာဉ်ပျံသန်းမှုများကို ရပ်တန့်ရန် အစီအစဉ်မရှိသေးကြောင်း မန်ဒါဗီရာက ပြောကြားခဲ့သည်။

အိန္ဒိယ ဆရာဝန်များ အသင်းသည် ကြာသပတေးနေ့က ပြည်သူများအား လူစုလူဝေးများသည့် အများပြည်သူပိုင် နေရာအားလုံးတွင် နှာခေါင်းစည်းများ တပ်ရန်နှင့် ကာကွယ်ဆေးထိုးရန် မေတ္တာရပ်ခံခဲ့သည်။

ထို့ပြင် မင်္ဂလာဆောင်များ၊ နိုင်ငံရေးနှင့် လူမှုရေးတွေ့ဆုံပွဲများနှင့် နိုင်ငံတကာ ခရီးစဉ်များကဲ့သို့သော လူထုစုဝေးပွဲများကို ရှောင်ကြဉ်ရန်လည်း တိုက်တွန်းခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here