ပုသိမ်ကြီးမြိုနယ်ရှိ “အောင်သပြေ”ရွှေဆိုင်တွင် သေနတ်ပစ်ဖောက်၍ ငွေကျပ်သိန်း ၁၄၀၀ ခန့်တန် ဖိုးရှိရွှေထည်များအား ဓားပြတိုက်ယူဆောင်သွား

0
158

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊မန္တလေး-ပုသိမ်ကြီးသွားကားလမ်းဘေး၌ဖွင့်လှစ်ထားသည့် “အောင်သပြေ”ရွှေဆိုင်တွင် ဒီဇင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခွဲခန့်က အမည်မသိအ မျိုးသား ၄ ဦးသည် ဆိုင်ကယ်များဖြင့် ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်ကျေးရွာအုပ်စု၊မြိုသာကုန်းကျေးရွာ၏ မန္တ လေး-ပုသိမ်ကြီးသွားကားလမ်းဘေးရှိ “အောင်သပြေ”ရွှေဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် သေနတ်ပစ်ဖောက်၍ ဆိုင်ဝန်ထမ်းများအားခြိမ်းခြောက်ကာ မှန်ကောက်တာများအတွင်းထည့်ထားသည့် ရွှေထည်မျိုးစုံအား လုယက်ယူ ဆောင်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“Mask တပ်ဆင်ထားတဲ့ လူ ၄ ယောက်ရောက်လာပြီး ရွှေထည်မျိုးစုံ ၅၀ ကျပ်သားလောက် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၄၀၀ လောက်ကိုလုယက်သွားတယ်လို့သိရတယ် စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဓားပြတိုက်လုယက်သူ ၄ ဦးသည် မန္တလေး-ပုသိမ် ကြီးသွားကားလမ်းမှတဆင့် မန္တလေးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများအား ရရှိထားသည့် CCTV မှတ်တမ်းများနှင့်အတူ တိုက် ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here