ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် စောင်အထည် ၁၀၀၀ ကျော်အား ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ၃ နှစ်မြောက်လှူဒါန်း

0
199

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် နေပြည်တော်ရှိ ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ စောင်အထည် ၁၀၀၀ ကျော်အား ၃ နှစ်မြောက်အဖြစ် ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းက လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

စောင် ၁၀၀၀ ကျော်အား ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမိသားစုနှင့်အတူ အလှူရှင်များက ပူးပေါင်းလှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ၄၃၁ ရက်မြောက် ထိုက်သူပန်မနက်ခင်းအဆာပြေထမင်းနှင့်ရက်ပေါင်း ၈၇၀ မြောက် ထိုက်သူပန်ညနေခင်းအာဟာရဒါနအဖြစ် ကြက် သားဒံပေါက်တို့ကိုလည်း လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

“မနက်ပိုင်းမှာ ကရင်နှစ်သစ်ကူးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သပြေကုန်းစျေးရှေ့မှာ ကြက်သားဒံ ပေါက်ပွဲငါးရာလှူဒါန်းခဲ့ပါတယ် စောင်လှူတာက ၃ နှစ်မြောက် ၃ နှစ်ဆက်တိုက် အနွေးဓာတ်အလှူအဖြစ် လှူဒါန်းတာပါ”ထိုက်သူပန်တိုင်းရင်းဆေး ဝါးထုတ်လုပ်ရေးမှ ဦးစိုးလှမြင့်ကပြောသည်။

ထိုသို့ စောင်လှူဒါန်းခြင်းနှင့်ကြက်သားဒံပေါက်ကျွေးမွေးလှူဒါန်းရာသို့ လူကြီး၊ကလေး ၁၀၀၀ ဦးကျော်လာရောက်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here