နေအိမ် ၁၃ လုံးမီးလောင်ဆုံးရှုံးကာ လေဖြတ်နေသည့် အဘွားအိုတစ်ဦးသေဆုံးခဲ့မှု မြဝတီမြို့တွင်ဖြစ်ပွား

0
118

ကရင်ပြည်နယ်၊မြဝတီမြို့၊အမှတ်(၃)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၁၃ လုံးပျက်စီးပြီး လေဖြတ်နေသည့် အသက်(၇၀)နှစ်ကျော်ရှိ အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု မြဝတီမြို့အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီ ၄၀ မိနစ်ခန့်က မြဝတီမြို့၊အ မှတ်(၃)ရပ်ကွက်၊တောက်တမ်းဘုန်းတော်ကြီးကျောင်းအနောက်ဖက်ရှိ နေအိမ်များတွင် မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်အားများသလိုတယ် လမ်းကလည်းဝင်ရတာကျဥ်းတော့ အချိန်မီပေမယ့် ငြှိမ်းသတ်ရတာအခက်အခဲရှိခဲ့တာပါ ပျက်စီးသွားတဲ့အိမ်တွေအကုန်လုံးက ခြံဝင်းကျယ်ထဲမှာဆောက်ထားတဲ့ အဌားလုံးချင်းအိမ်တွေကြီးပဲ လုံးချင်းအိမ် ၁၃ လုံး အကုန်လုံးမီးလောင်ပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ လေဖြတ်နေသည့် အသက်(၇၀)နှစ်ကျော်ခန့်အရွယ်ရှိ အဘွားအိုတစ်ဦးမှာ မီးလောင်သေဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူနှင့်ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည့် အမျိုးသမီးတစ်ဦးတို့အား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“မီးအားပြင်းတဲ့အတွက် အဘွားကိုအချိန်မီးမကယ်တင်လိုက်နိုင်ဘူး အဘိုးကိုတော့ ကယ်လိုက်နိုင်တယ် အခု အဖိုးကိုတော့ မြဝတီခရိုင်ဆေးရုံကြီးကိုပို့ထားပေးပါတယ် လိုအပ်တဲ့ကုသမှုလုပ်နေရတာတော့ရှိပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မီးလောင်ပျက်စီးသွားခဲ့သည့် နေ အိမ် ၁၃ လုံးတွင်နေထိုင်သည့် မီးဘေးသင့်သူ ၄၀ ဦးကျော်ခန့်အား အမှတ်(၃)ရပ်ကွက်ရှိ ငှက်​ပျော​တောဓမ္မရုံတွင် တာဝန်ရှိသူများက ယာယီကယ် ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပေးကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Win Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here