ခရီးသည်တင်ကားပေါ်မှ ငွေကျပ်သိန်း ၄၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား သာစည်မြို့နယ်ရှိ X-Ray စက်ဖြင့်ဖမ်းမိ

0
358

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ X-Ray(ကျွဲတပ်ဆုံ)ဂိတ်၌ X-Ray စက်ဖြင့် ဒီဇင်ဘာ ၂၁ ရက်ညပိုင်းကဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၁၀ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များသည် သာစည်မြို့နယ်၊ X-Ray(ကျွဲတပ်ဆုံ)ဂိတ်၌ X-Ray စက်ဖြင့် တောင်ကြီးမြို့ဘက်မှသာစည်မြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်လာသော ခရီးသည် ဘိုလှိုင်း (၃၇)နှစ်နှင့်၀င်းမင်းဦး တို့၏ခရီးဆောင်အိတ်များအတွင်းမှ ငွေကျပ်သိန်း ၄၂၇၅ သိန်းတန်ဖိုးရှိ စိတ် ကြွဆေးပြား ၂၈၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်အရ ဆက်စပ်ပြစ်မှုကျူးလွန်ရာ တွင် ပါဝင်သူများဖြစ်သည့် ဒေါ်သက်သက်၀င်း (၄၃)နှစ်၊ဒေါ်နီနီ၀င်း(၅၁)နှစ်နှင့်မဖြိုးအိရွှေ(၃၀) နှစ်တို့အား ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ် ၌ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား သာစည်မြို့မရဲစခန်းက မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here