ထိုင်းနိုင်ငံကဦးဆောင်ကျင်းပသည့်ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့

0
242

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံအကျပ်အတည်း ဖြေရှင်းရေးတာဝန်ပေးထားသည့် အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးသုံးဦးနှင့် ဒေသဆိုင်ရာသံတမန်တစ်ဦးတို့သည် ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၂ ရက်ကပြုလုပ်ခဲ့‌သော အလွတ်သဘောတွေ့ဆုံမှုတွင် မြန်မာ နိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင်နှင့်တွေ့ဆုံခဲ့ကြောင်း ထိုင်းအစိုးရကပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးနှင့်ပတ်သက်၍ အကြမ်းဖက်မှုပုံစံအားလုံးကိုချက်ချင်းအဆုံးသတ်ရန် တောင်းဆိုသောပထမဆုံးချမှတ်သည့်ဆုံးဖြတ်ချက်အပြီးတွင် ယခုအစည်းအဝေးဖြစ်ပေါ်လာခြင်းဖြစ်သည်။

အာဆီယံအနေဖြင့် မြန်မာ့အကျပ်အတည်းအား သံတမန်နည်းဖြင့်ဖြေရှင်းရန် အစောပိုင်းကတည်းက ကြိုးစားခဲ့ကြသည်။

ယခုတွေ့ဆုံမှုတွင် မြန်မာ၊ထိုင်း၊လာအို၊ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးတို့အကြား ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟုလည်း ထိုင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်  Kanchana Patarachoke ကပြောကြားခဲ့သည်။

ယခုဆွေးနွေးပွဲ၌ မြန်မာ့အရေးအတွက် သုံးသပ်ချက်များ၊နိုင်ငံအား ပုံမှန်ပြန်ဖြစ်ရေးစသည့်အချက်များအတွက် လွတ်လပ်စွာဆေွးနွေးခဲ့ကြသည်ဟုဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည်လည်း “အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များအတွက်  ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ခဲ့ကြသည်” ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအတွက် တာဝန်ယူထားသော မြန်မာဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here