ရဲချုပ်ဟောင်း (၇) ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့ပေးရာ ပြန် ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၏ ဖခင်ဖြစ်သူပါ ပါဝင်

0
636

နစက က ဒီဇင်ဘာ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူများ စာရင်းတွင် ရဲချုပ်ဟောင်း (၇) ဦးကို ဝဏ္ဏကျော်ထင်ဖွဲ့ ပေးအပ်ရာပြန်ကြားရေး ဝန် ကြီးဟောင်း ဦးရဲထွဋ်၏ ဖခင်ဖြစ်သူ ရဲချုပ်(ငြိမ်း) ဗိုလ် မှူးကြီး ရွှေသန်း ပါပါဝင်ကြောင်း သိရသည်။ဦးရဲထွဋ်သည်လက်ရှိနစကအစိုးရကို​ဝေဖန်မှုများ​ရေးသား​နေသူတဦးလည်းဖြစ်သည်။

ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြော က် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်နိုင်ငံ ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းဟောင်းများအား ဘွဲ့ တံဆိပ်များ ချီးမြှင့်နေခြင်းလည်း ဖြစ်သည်။

ဒီဇင်ဘာ (၂၂) ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ  နိုင်ငံဝန်ထမ်းများ ၊ သံဃာတော်အချို့နှင့် လူပုဂ္ဂိုလ် (၉၀) ဝန်းကျင်ကို ဘွဲထူးဂုဏ်ထူးများ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဇန်နဝါရီ (၄) ရက်တွင် ကျင်းပမည့် စိန်ရတုလွတ်လ ပ်ရေးနေ့ အခမ်းအနားတွင် ဘွဲ့တံဆိပ်များ အပ်နှင်းသွားမည် ဖြစ်ကြောင်းသိရသည်။

ယမန်နေ့က ချီးမြှင့်သည့်အထဲတွင် စည်သူဘွဲ့ ရရှိသူ (၃) ဦး ၊ သီဟသူရဘွဲ့ ရရှိသူ (၁) ဦး ၊ သူရဘွဲ့ရရှိသူ (၄) ဦး ၊သီရိပျံချီဘွဲ့ ရရှိသူ (၁) ဦး ၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိသူ ( ၂၃) ဦးပါဝင်သည်။

ထို့အပြင်တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင် ဘွဲ့ သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ရရှိသူ (၁၁) ဦး၊ ရဲဗလတံဆိပ်ရရှိသူ(၉) ဦး ၊ စီမံထူးချွန် ပထမအဆင့် ရရှိသူ (၅) ဦး ပါဝင်သည်။

လူပုဂ္ဂိုလ်များအား ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့် ရရှိသူ (၃၀) ဦး ၊ လူမှုထူးချွန် ဒုတိယအဆင့် ရရှိသူ(၁) ဦး၊လူမှုထူးချွန် တတိယအဆင့် ရရှိသူ(၂) ဦးပါဝင်ကြော င်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here