ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုသည်ဟု ပူတင်ဆို

0
436

ရုရှားသမ္မတ ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း၊ သံတမန်နည်းလမ်းအရ မလွဲမသွေ ဖြေရှင်းရမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ပူတင်၏ အဆိုပါ ပြောကြားချက်သည် ဘိုင်ဒင်က အိမ်ဖြူတော်တွင် ဇလန်းစကီးအား လက်ခံကြိုဆိုပြီး ယိမ်းယိုင်မှုမရှိဘဲ ဆက်လက်၍ အကူအညီပေးသွားမည်ဟု ကတိပေးပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ဒီစစ်ရေးပဋိပက္ခမှာပဲ သံသရာလည်နေဖို့ မဟုတ်ပါဘူး။ သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ပါပဲ။ ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားသွားမှာပါ။ မြန်မြန်အဆုံးသတ်နိုင်လေ ပိုကောင်းလေပေါ့ဗျာ” ဟု ပူတင်ကဆိုသည်။

ပူတင်က ရန်လိုမှုများ ပြင်းထန်လာခြင်းသည် မလိုလားအပ်သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်လာစေနိုင်ကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခအားလုံးသည် သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုမျိုးဖြင့် တစ်နည်းမဟုတ်တစ်နည်း အဆုံးသတ်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ရုရှားက ဆွေးနွေးပွဲလုပ်ရန် ငြင်းဆိုနေသည်မှာ ယူကရိန်းသာ ဖြစ်သည်ဟု ဆိုသည်။ ကိဗက်ကလည်း ရုရှားဘက်က တိုက်ခိုက်မှုအားလုံးကို ရပ်တန့်၍ သိမ်းပိုက်ထားသော နယ်မြေအားလုံးကို ပြန်လည်အပ်နှံမှသာ ဆွေးနွေးနိုင်မည်ဟု ပြောကြားထားသည်။

Source: The Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here