ရုရှား တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများကပါ စုပေါင်းရန်ပုံငွေ ကောက်ခံလှူဒါန်းလာ

0
389

ရုရှားနိုင်ငံသားများသည် ဆောင်းဝင်လာသဖြင့်ယူကရိန်းတွင် တပ်စွဲထားသော စစ်သားများအား အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်များ အကူအညီပေးနိုင်ရန် စုပေါင်း ရန်ပုံငွေ ကောက်ခံနေကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများသည် စစ်သားများအား ခြေအိတ်များ လှူဒါန်းနိုင်ရန် ပိုက်ဆံစုဆောင်းနေပြီး မိခင်များမှာမူ အနွေးထည်များ၊ ခြုံထည်အိပ်ယာများ ဝယ်ပေးကြောင်းနှင့် လူမှုအဖွဲ့အစည်းများက ကျည်ကာများအတွက် အလှူငွေ ကောက်ခံနေကြောင်း သိရသည်။

ထိုသို့ အလှူငွေစုဆောင်းမှုများသည် ရှေ့တန်းရှိ မကြာသေးမီက ခေါ်ယူစုဆောင်ထားသော တပ်ဖွဲ့ဝင်များက ၎င်းတို့တွင် အခြေခံအသုံးဆောင်ပစ္စည်းများ ပြတ်လက်နေကြောင်း တိုင်ကြားခဲ့ရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အဆိုပါသတင်းစကားသည် သမ္မတပူတင် အထိပါ ရောက်ရှိသွားခဲ့သည်။

ပူတင်နှင့် အခြားရုရှားအရာရှိများက ယူကရိန်းသို့ စေလွှတ်ထားသော တပ်ဖွဲ့ဝင်အသစ်များ ကြုံတွေ့နေရသည့် ထောက်ပံ့ရေး ပြဿနာများကို ဖြေရှင်းနေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပူတင်ကိုယ်တိုင်ကလည်း နိုဝင်ဘာလကုန်တွင် ကရင်မလင်နန်းတော်၌ စစ်သားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရုရှားစစ်သားများအတွက် ရန်ပုံငွေရှာဖွေရေး ဒေသတွင်း လှုပ်ရှားမှုများကို ရုရှားနှင့် ယူကရိန်းအရှေ့ပိုင်းရှိ ကိုယ်ပိုင်နယ်မြေအဖြစ် ကြေညာထားသော ဒေါ်နက်စ်(ခ်) ပြည်သူ့သမ္မတနိုင်ငံ (DPR) နှစ်ခုစလုံးတွင် လုပ်ဆောင်လျက်ရှိသည်။

“အတူတူရှိရင် ပိုမိုနွေးထွေးတယ်” ဟု အမည်ပေးထားသော အဖွဲ့သည် စစ်သားများအတွက် အခြေခံ အသုံးဆောင်များနှင့် အဝတ်အစားများ ထောက်ပံ့ရန်ဒေါ်လာ ၄၅,၀၀၀ ခန့် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ရုရှားနိုင်ငံရှိ ဒေသတွင်း တယ်လီဂရမ် ချန်နယ်များသည်လည်း တပ်ဖွဲ့အမည်နှင့်တကွ သွားရောက် လှူဒါန်းထားသော ပစ္စည်းကိရိယာများကို အသေးစိတ်ဖော်ပြ၍ ပို့စ်တင် ကြေညာခဲ့ကြောင်း သိရသည်။

Source:  CNN


LEAVE A REPLY

Please enter your comment!
Please enter your name here