သရုပ်ဆောင်သင်ဇာဝင့်ကျော်ထောင်ဒဏ် ၅ နှစ်ချမှတ်

0
779

အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) ဖြင့် တရားစွဲခံ ထားရသည့် သရုပ်ဆောင်/မော်ဒယ် သင်ဇာဝင့်ကျော်ကို ထောင်ဒဏ် (၅) နှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ ဒီဇင်ဘာ (၂၃) ရ က် နေ့လယ်ပိုင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရပါတယ်။

“အမြန်ဆုံးလွတ်မြောက်ဖို့ ကုသိုလ်တွေများကြီးလုပ်ပီး ဆုတောင်းပေးရင်း စောင့်နေပါ့မယ် ပျော်ရတဲ့အချိန်ရော ဝမ်းနည်းရတဲ့အချိန်ရော အတူတူရှိနေပေးမှာမို့ ကျန်းမာရေးကောင်းအောင်နေပါ အချစ်ကလေးရေ အများကြီးချစ်တယ်နော်”ဟု သင်ဇာဝင့်ကျော်၏ချစ်သူကိုရဲရင့်မိုးမှ ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။

” ဒီကနေ့ အမိန့်ချလိုက်တယ်လို့ ကြားတယ် ။စိတ်မကော င်း ဖြစ်ရပါတယ်” ဟု သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

“‌အရမ်းစိတ်စိတ်မကောင်းဖြစ်ရပါတယ်။ အမြန်ဆုံးလွတ်မြောက်ပါစေ”ဟု သင်ဇာဝင့်ကျော်နဲ့ နီးစပ်သည့် အနုပညာ မောင်နှစ်မတစ်ဦးကလည်းစိတ်မကောင်းကြောင်းစကားဆိုပါတယ်။

သရုပ်ဆောင်/ မော်ဒယ် သင်ဇာဝင့်ကျော်နှင့် မော်ဒယ်နန်းမွံစံတို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ အတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကာ အဖော်အချွတ် ဓာတ်ပုံများနှင့် ရုပ်သံများကို အခကြေးငွေ ရယူကာ ဖြန့်ဝေသည်ဟုဆိုကာ အီလက်ထရောနစ် ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

မော်ဒယ်နန်းမွေစံကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကပင် စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်တည်း ဖမ်းဆီးခံရသည့် သင်ဇာဝင့်ကျော်ကို ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here