နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် ဆောင်ရွက်ချက်များအပေါ် တုန့်ပြန်ဆောင်ရွက်နေဟု ပြည်ထောင်စုဝန်ကြီးများပြော

0
295

နစက ၏ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးဝဏ္ဏမောင်လွင်နှင့်ဦးကိုကိုလှိုင်တို့က မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များအား တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့သည် မြန်မာနိုင်ငံမဟာ ဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များအား ဒီဇင်ဘာ ၂၃ ရက်နံနက် ၁၀ နာရီကတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နစက မှပြဋ္ဌာန်းထားသည့် နိုင်ငံရေးဦးတည်ချက်များနှင့်လုပ်ငန်းစဉ်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အချုပ်အခြာအာ ဏာပိုင်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက် စွက်ဖက်နေသော ဆောင်ရွက်ချက်များအပေါ် တုန့်ပြန်ဆောင်ရွက်နေမှုများအား ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံ၏ တူညီဆန္ဒ(၅)ချက်အား နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်နေမှု၊ဒေသတွင်းနှင့်နိုင်ငံတကာရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေမှုနှင့် စိန်ခေါ်မှုတို့အား ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊မူဝါဒနှင့်အကောင်အထည်ဖော်ဆောင်ရွက်ချက်တို့ကို ဒေသတွင်းနှင့်နိုင်ငံတကာမှ သိရှိစေရန် သံတ မန်လမ်းကြောင်း(၁ ဒသမ ၅)၊သံတမန်လမ်း ကြောင်း(၂)တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် မူဝါဒပိုင်းဆိုင် ရာ အကြံဉာဏ်များ၊လေ့လာသုံးသပ်ချက်များကို စဉ်ဆက်မပြတ်တင်ပြနိုင်ရေးနှင့်နိုင်ငံတကာအ ဆင့်မီ သုတေသနစာတမ်းများရေးသားပြုစုရေးတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးများက တိုက် တွန်းပြောကြားခဲ့ကြသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက လုပ် ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်း လင်းတင်ပြကာ ပညာရှင်များရှုထောင့်မှဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here