မြောက်ကိုရီးယားက ရုရှားသို့ လက်နက်များရောင်းချဟု အမေရိကန်ဆိုပြန်

0
190

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံရှိ ပုဂ္ဂလိကစစ်ရေးအုပ်စုဖြစ်သည့် Wagner Group အား လက်နက်များ ရောင်းချပေးပို့ခဲ့ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြန်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ကာ မြောက်ကိုရီးယားကခြေလျင်တပ်သုံး ဒုံးကျည်များနှင့် လက်နက်များ Wagner Group သို့ ပြီးခဲ့သောလအတွင်း ရောင်းချခဲ့ပြီးနောက် Wagner Group အပေါ် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောကြားခဲ့သည်။

“Wagner Group သည် ယူကရိန်းကိုတိုက်ခိုက်သည့် စစ်ဆင်ရေးများအပေါ် ပံ့ပိုးကူညီမည့် လက်နက်ရောင်းချသူများကို ကမ္ဘာတစ်ဝန်းတွင် ရှာဖွေနေသည်” ဟု John Kirby က သတင်းထောက်များကို ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားက Wagner Group ကို အဲဒီလက်နက်တွေ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ပါတယ်” ဟုလည်း သူကပြောကြားခဲ့သည်။

John Kirby ၏အဆိုအရ အဆိုပါအဖွဲ့သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် မသက်ဆိုင်သော်လည်း ယူကရိန်းစစ်ဆင်ရေးအတွက် တစ်လလျှင် ဒေါ်လာ သန်း ၁၀၀ ကျော် အကုန်အကျခံ လုပ်ဆောင်နေသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here