မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်္ကာပူလက်ရွေးစင်အသင်းတို့ ယနေ့ ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားမည်

0
267

မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်္ကာပူလက်ရွေးစင်အသင်းတို့ ယနေ့ (ဒီဇင်ဘာ ၂၄ ရက်) ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်္ကာပူလက်ရွေးစင်အသင်းတို့သည် စင်္ကာပူနိုင်ငံတွင် ယနေ့ မြန်မာစံတော်ချိန် ၄ နာရီ ၃၀ မိနစ်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

“အနိုင် ၃ မှတ်ရဖို့ တစ်သင်းလုံးကြိုးစားကြမှာပါ။ အသင်းမှာဒဏ်ရာကင်းစင်နေပြီး အားလုံးလန်းဆန်းတက်ကြွနေပါတယ်။ မြက်ခင်းတုကွင်းမှာကစားရမှာဖြစ်လို့ ခက်ခဲကြမှာပါ ” ဟု မြန်မာအသင်းနည်းပြ။ အန်တွမ်နီဟေးက ပြောကြားထားသည်။

ယခုပွဲစဉ်သည် မြန်မာအသင်းအတွက် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး စင်္ကာပူအသင်းအတွက် ပထမဆုံးပွဲစဉ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here