အမေရိကနှင့်ယူကရိန်းက ရုရှား၏စိုးရိမ်မှုများကိုလျစ်လျူရှုထားဟုခရင်မလင်ပြောကြား

0
137

မော်စကို၊ဒီဇင်ဘာ ၂၃

ကိဗ်နှင့်ဝါရှင်တန်တိုသည် မော်စကို၏စိုးရိမ်မှုများကို လျစ်လျူရှု ထားကြသည်ဟု ခရင်မလင်နန်းတော်ကပြောကြားခဲ့ပြီး ဝါရှင်တန်သည် ယူကရိန်းအား စစ်တလင်းဖြစ်အောင်လုပ်ကာ ရုရှားအင်အားနည်းပါးအောင် ထိုးနှက်နေခြင်းဖြစ်သည်ဟုလည်းဆိုခဲ့သည်။

“ကျွန်တော်တိုရဲ့ ရည်မှန်းချက်က ဒီပဋိပက္ခကို အဆုံးသတ်ဖို့ဖြစ်ပြီး ကြိုးလည်းကြိုးပမ်းနေပါတယ်” ဟု သမ္မတပူတင်ကသတင်းထောက်များအားပြောကြားခဲ့သည်။

မော်စကိုရှိ အရာရှိများကလည်း မကြာသေးမီလများအတွင်းက ယူကရိန်းနှင့်ဆွေးနွေးမှုကို ငြင်းဆိုထားခြင်းမရှိကြောင်း ထပ်တလဲလဲပြောကြားခဲ့သည်။

ပူတင်အာဏာရနေချိန် စေ့စပ်ညှိနှိင်းခြင်းမပြုဟု ပြောဆိုခဲ့သော သမ္မတဇလန်းစကီးအား သံတမန်လမ်းကြောင်းများ ပိတ်ပစ်ခြင်းသည်ဟုဆိုကာ ၎င်းတို့ကပြစ်တင်ဝေဖန်ခဲ့သည်။

ဇလန်းစကီးသည် လက်နက်အကူအညီအတွက် အမေရိကသို့လည်းသွားရောက်ခဲ့ပြီး အမေရိကန်လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ကာ ယူကရိန်းသို့ကူညီခြင်းသည် အလကားဖြစ်သွားခြင်းမျိုးမဟုတ်ပဲ ကမ္ဘာ့လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်ဟုဆိုခဲ့သည်။

ယင်းသို့ပြုလုပ်ခြင်းသည် ပဋိပက္ခကိုပိုမိုဆိုးရွားစေသည်ဟု သမ္မတပူတင်ကပြောကြားခဲ့သည်။

မော်စကိုပြောရေးဆိုခွင့်ရှိသူကလည်းယခုဖြစ်ပွားနေသည့်အခြေအနေများနှင့်ပက်သတ်၍ ယူကရိန်းခေါင်းဆောင်သို့ သတိပေးခြင်းမျိုး စိုးစဉ်းမျှမကြားရဘဲ ငြိမ်းချမ်းရေးဟုတွင်တွင်ဆိုနေသော်ငြား အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်မှုမျိုးမဟုတ်ဟုပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here