ပါရီတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူသုံးဦးသေ၊ သုံးဦး ဒဏ်ရာရ

0
183

ပြင်သစ်နိုင်ငံ ပါရီမြိုရှိ ကာ့ဒ်ယဉ်ကျေးမှုစင်တာတစ်ခုတွင် သေနတ်သမားတစ်ဦး၏ လိုက်လံပစ်ခတ်မှုကြောင့် လူ ၃ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြင်သစ်မြိုတော်၏ လူစည်ကားသော ၁၀ ခုမြောက် စီရင်စုရှိ အန်ဟီယန် လမ်းပေါ်တွင်ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ နေ့လည် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ ၃ ဦးစလုံးမှာ ကာ့ဒ်လူမျိုးမှာ ဖြစ်သည်ဟု ကာ့ဒ်ယာဉ်ကျေးမှုစင်တာ၏ ရှေ့နေ့က ရိုက်တာသတင်းဌာနသို ပြောခဲ့သည်။ သေဆုံးသူများအပြင် အခြားလူသုံးဦး ဒဏ်ရရှိခဲ့ပြီး ၎င်းတိုအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည် သူကဆိုသည်။

အသက် ၆၉ နှစ်အရွယ် ရထားယာဉ်မောင်းဟောင်းကို သံသယရှိသူအဖြစ် ဖမ်းဆီးထားကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။

ထိုလူသည် လွန်ခဲ့သောတစ်နှစ်က ရွှေ့ပြောင်းအခြေချစခန်းတစ်ခုအား တိုက်ခိုက်ခဲ့မှုကြော့် မကြာသေးမီကမှ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သူဖြစ်ပြီး တရားရင်ဆိုင်ရန် စောင့်ဆိုင်းနေရသူဖြစ်သည်ဟု ပါရီအစိုးရရှေ့နေ ကဆိုသည်။

စုံစမ်းရေးမှူများကလည်း အဆိုပါဖြစ်ရပ်မှာ လူမျိုးရေးခွဲခြားစိတ်ပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဟုတ် မဟုတ် ကောက်ချက်ချရန် စဉ်းစားနေသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သောကြာနေ့ ညနေပိုင်းတွင် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာသည် အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းတွင် ဆန္ဒပြခဲ့ရာ ရဲများက မျက်ရည်ယိုဓာတ်ငွေ့များသုံး၍ လူစုဖြိုခွဲခဲ့ရကြောင်း သိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပါ ပစ်ခတ်မှုမှာ ပြင်သစ်ရှိ ကာ့ဒ်လူမျိုးများကို ပစ်မှတ်ထားသည့် စက်ဆုပ်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင်းနှင့် ရှုတ်ချပါကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here