Online တွင်ရောင်းချနေသော အစားအသောက်အချို့သည် သွင်းကုန်ထောက်ခံချက်ရရှိထားခြင်းမရှိဟု FDA Myanmar သတိပေး

0
262

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ Online တွင်ရောင်းချနေသည့် အစားအသောက်များနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၃ ရက်(ယနေ့)တွင် အသိပေးခဲ့ခြင်းဖြစ်သည်။

Online တွင်ရောင်းချနေသော အချို့အစားအသောက်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ သွင်းကုန်ထောက်ခံချက်ရရှိထားခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် အစားအသောက်အရည်အသွေးနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုတို့ကို စိစစ်ထားခြင်းမရှိ၍ အာမခံချက်လည်းမရှိသဖြင့် ပြည်သူများအနေ ဖြင့် သတိပြုရွေးချယ်ဝယ်ယူစားသုံးရန်လည်း FDA Myanmar က အသိပေးထုတ်ပြန်ခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)သည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်များကို အများပြည်သူစားသုံးနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here