သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား ချမ်းမြသာစည်မြို့နယ်တွင်တွေ့ရှိ

0
190

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကန်သာ ယာရပ်ကွက်တွင် ဒီဇင်ဘာ ၂၅ ရက်(ယနေ့)နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မြရည်နန္ဒာလူ မှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ကန်သာယာရပ်ကွက်၊၅၉(A)လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြားတွင် ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ သယ်ယူရန် သွားရောက်ခဲ့ကြသည်။

“ဒဏ်ရာတွေကတော်တော်များပါတယ် တာဝန်ရှိသူတွေရဲ့သတင်းပေးချက်အရ အသတ်ခံရတဲ့အ လောင်းကို သွားသယ်ပေးခဲ့တာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးနေသည့်အမျိုးသား၏ ရုပ်အလောင်းအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here