“ဘုန်းမီးနေလမဟာအသောက” ဇာတ်ကားမှမင်းသမီး တူနီရှာရှာမာ မိမိကိုယ်ကိုအဆုံးစီရင်

0
554

မြန်မာနိုင်ငံ၌ 5 Plus ရုပ်သံလိုင်းတွင်ပြသခဲ့သည့် “ဘုန်းမီးနေလမဟာအသောက” ဇာတ်လမ်းမှသရုပ်ဆောင်မင်းသမီး တူနီရှာရှာမာသည် ဒီဇင်ဘာလ ၂၄ ရက်နေ့က မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်းသိရှိရသည်။

သူသည်အဆုံးစီရင်သွားချိန်တွင် အသက် ၂၀ အရွယ်သာရှိသေးပြီး လက်ရှိတွင် အလီဘာဘာဇာတ်လမ်းတွဲအား မင်းသား ရှီဇန်မိုဟာမဒ်ခန်းနှင့်အတူရိုက်ကူးနေပြီး ဇာတ်ကားရိုက်ကူးနေစဉ် မိတ်ကပ်အခန်းအတွင်း ကြိုးဆွဲချအဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။

သိသိချင်းပင်သူ့အားဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း အသက်မမီတော့ကြောင်း ဆရာဝန်များကဆေးရုံသို့ရောက်ချိန်၌ပြောကြားခဲ့သည်။သူ့ကိုယ်သူအဆုံးစီရင်သွားချိန်တွင် သူနှင့်တွဲဖက်သရုပ်ဆောင်နေသည့် မင်းသားရှီဇန်မိုဟာမဒ်ခန်း၏ အဝတ်လဲခန်းအတွင်း အဆုံးစီရင်သွားခြင်းဖြစ်သည်ဟုသိရှိရသည်။

သူ၏ခန္ဓာကိုယ်အား ရင်ခွဲဆေးစစ်ရန်အတွက် ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရှိရသည်။မင်းသမီး တူနီရှာနှင့်ယခင်ကအလုပ်တွဲလုပ်ခဲ့ဖူးသည့် မင်းသမီး ဆိုင်မရန်ဘဒ်ဟာရပ်ပ်ကလည်း တူနီရှာ၌ စိတ်လှုပ်ရှားလွယ်ပြီး စိတ်ကျရောဂါမျိုးရှိသည်ဟုပြောကြားခဲ့သည်။ယင်းအပြင်သူ၏ မိသားစုဘဝသည်လည်း အကောင်းဆုံးမဟုတ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

တူနီရှာ၏သေဆုံးမှုနှင့်ပတ်သက်၍ သူ၏မိခင်က မင်းသားရှီဇန်အား သတ်သေရန်အားပေးမှုဖြင့်ပြစ်တင်ဝေဖန်ခဲ့သည်။အတည်မပြုနိုင်သေးသောသတင်းများအရ မင်းသားနှင့်မင်းသမီးတို့သည် ချစ်သူများဖြစ်ခဲ့ကြပြီး ကွဲသွားခြင်းဖြစ်သည်ဟုလည်းဆိုသဖြင့် မင်းသမီးသေဆုံးမှုနှင့်ပတ်သက်၍ မင်းသားအား ရဲများကဖမ်းခေါ်သွားကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းအရမင်းသမီး၌ ကိုယ်ဝန်ရှိနေသည်ဟုလည်းသတင်းထွက်လာသဖြင့် အမှန်ဟုတ်မဟုတ်ရဲများအားမေးမြန်းရာ ရင်ခွဲစစ်ဆေးမှုပြုလုပ်နေဆဲဖြစ်သဖြင့် အတည်မပြုနိုင်သေးကြောင်းပြောကြားခဲ့ပြီး သူ၏သေဆုံးမှုအား လူသတ်မှုနှင့်အဆုံးစီရင်မှုရှုထောင့်နှစ်မျိုးလုံးမှ စစ်ဆေးသွားမည်ဟုလည်းပြောကြားခဲ့သည်။

Source :India Today


LEAVE A REPLY

Please enter your comment!
Please enter your name here