၈ နှစ်ထိအာမခံချက်‌ ပေးတဲ့ SERESလျှပ်စစ်ကား…

0
233

Asia Pacific Automaker Corporation Co. Ltd နဲ့ Chongqing Sokon Moter ( Group ) IMP. &EXP Co. Ltd တို့ရဲ့ပူးပေါင်းလက်မှတ်ရေးထိုး ပွဲအခမ်းအနား ကို ဒီဇင်ဘာလ ၂၄ ရက်နေ့နေ့လည် ၃ နာရီလောက် Lottie Hotel မှာကျင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ SERES လျှပ်စစ်ကား နဲ့ပတ်သက်ပြီး
Asia Pacific CEO က

” SERES လျှပ်စစ်ကားကို ဝယ်ယူတဲ့သူတွေအနေနဲ့ အခက်အခဲမဖြစ်စေဖို့အစိုးရမှစီစဥ်ပေးထားတဲ့ Public Charges station တွေရှိပါမယ် အခုကာလတွေမှာတော့ ရန်ကုန် မန်းလေးနေပြည်တော်နဲ့ အမြန်လမ်း တွေမှာ charges station တွေရှိပါတယ် နာရီနဲ့မဟုတ်ပဲနဲ့ battery power က ကီလိုမီတာ၄၀၀ နဲ့၅၀၀ လောက်မောင်းနှင်နိုင်မယ် နောက်နှစ်ထဲမှာအရစ်ကျအနေနဲ့ဘဏ်တွေနဲ့ချိတ်ဆက်ပြီးလုပ်သွားဖို့စီစဥ်ထားပါတယ် ကားနဲ့ပတ်သက်ပြီး guaranty ပိုင်းနဲ့ ပတ်သက်ပြီးတော့ ၈နှစ်အာမခံ ချက်ရှိတယ် ကီလိုမီတာအနေနဲ့၁သိန်းခွဲထိအာမခံချက်ရှိပါတယ်” လို့ပြောပါတယ်။

SERES လျှပ်စစ်ကားကိုနောက်နှစ်မှစကာ အရစ်ကျဖြင့်ဝယ်ယူနိုင်မှာဖြစ်ပြီး အာမခံချက်အနေနဲ့ ၈ နှစ်ထိ အာမခံချက်ရှိကာ ကီလိုမီတာ တစ်သိန်းခွဲထိ အာမခံချက်ပေးမှာဖြစ်ပြီး Public Charges station တွေလည်းထားရှိပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here