အမေရိက၏ကာကွယ်ရေးဥပဒေအား တရုတ်ကန့်ကွက်

0
116

ရှန်ဟိုင်း၊ဒီဇင်ဘာ ၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မကြာသေးမီက အမေရိကန်သမ္မတလက်မှတ်ရေးထိုးအတည်ပြုခဲ့သော နိုင်ငံေတာ်ကာကွယ်ရေးဥပဒေအားလုံးဝမကျေနပ်ကြောင်းနင့် ပြတ်သားစွာဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါဥပဒေ၌ ထိုင်ဝမ်အပါအဝင် အမေရိက၏အခြားမဟာမိတ်များအတွက် ကာကွယ်ရေးအသုံးစရိတ် ကန်ဒေါ်လာ ၈၅၈ ဘီလျံအထိ အသုံးပြုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိပါးစေသည့် ကျူးကျော်နှောင့်ယှက်မှုများအားဟန့်တားရန်အတွက် ထိုင်ဝမ်၏လုံခြုံရေးအထောက်အကူဖြစ်စေဖို့ ကန်ဒေါ်လာ ၁၀ ဘီလျံအထိ အသုံးစရိတ်ချပေးခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး ၎င်း၏အုပ်ချုပ်မှုအောက်ရောက်စေရန်အတွက် ကြိုးပမ်းနေလျက်ရှိသည်။

နောက်ဆုံးအတည်ပြုခဲ့သည့် အဆိုပါဥပဒေမူကြမ်းတွင် တရုတ်ကုမ္ပဏီများက ထုတ်လုပ်သော ကွန်ပျူတာချစ်ပ်များကိုအသုံးပြု၍ အမေရိကန်အစိုးရ၏ ကုန်ပစ္စည်းများဝယ်ယူမှုကို ကန့်သတ်သည့်ပြင်ဆင်ချက်လည်းပါရှိသည်။

ယခုဥပဒေသည် တရုတ်ကို ပို၍ခြိမ်းခြောက်ခြင်းနှင့် ပြည်တွင်းရေးအား ပြောင်ပြောင် တင်းတင်း စွက်ဖက်ခြင်းဖြစ်သကဲ့သို့ နိုင်ငံရေးအရအကြီးအကျယ် ရန်စနေခြင်းလည်း ဖြစ်သည်ဟု ဝန်ကြီးဌာနကရေးသားထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here