မြိတ် – ထားဝယ် လမ်းမပေါ် တွင် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီး

0
209

မြိတ် – ထားဝယ်လမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသည့် အကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးကို ဒေသကာကွယ်ရေးအဖွဲ့‌က ဖမ်းဆီးလိုက်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ (၂၄) ရက် မွန်းလွဲပိုင်းက ပုလောမြို့အတွင်း၌ အဆိုပါ ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးကာ အကျဉ်းဦးစီးဌာန အရာရှိကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မနေ့က နေလယ်ပိုင်းပေါ့။ (၁) နာရီခွဲ ဝန်းကျင်လောက်ကလို့ကြားတယ်။ ကဒဲနားမှာလို့ ကြားတယ်။ အဖမ်းခံရတဲ့လူက ဦးစီးမှူး အဆင့်ပေါ့နော်။ လိုင်းကားနဲ့ လိုက်လာတုန်း စစ်ဆေးတာနဲ့တိူပြီး အဖမ်းခံရတာ ။ ဟုတ်ပါတယ် ၊ ကော့သောင်းထောင်ကပါ ” ဟု ပုလောဒေသခံတစ်ဦးက ပေါ်ပြူလာနယူး(စ်) အတည်ပြုသည်။

ဖမ်းဆီးခံရသူမှာ ကောင့်သောင်းအကျဉ်းထောင်မှ ဦးစီးမှူး ဦးသီရစိုး ဆိုသူဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် ငွေအချို့နှင့် ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းခဲ့ကြောင်း သိရသ ည်။

အဆိုပါ ဖမ်းဆီးမှုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ P RDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နဲ့ အရိပ် ပြောက်ကျားတပ်ဖွဲ့ PSGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြိတ် – ထားဝယ် ကားလမ်းတွင် ဒေသကာကွယ် ရေးတပ်များက ထိန်းချုပ်စစ်ဆေးမှုများ မကြာခဏ လုပ်ဆောင်လျက်ရှိပြီး ယမန်နေ့ နေ့လယ်ပိုင်းက ပုလောမြို့ နယ်၊ ကဒဲကျေးရွာအနီးတွင် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ကော့သောင်း( (၉)မိုင်) အကျဉ်းထောင်မှ ဦးစီးမှူး ဦးသီရစိုး ဖမ်းဆီးခဲ့ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဦးသီရစိုးအား လုံခြုံသည့်နေရာတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင် နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွံ့ မြိတ်ခရိုင်တပ် ရင်း (၁) က သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here