ပွဲကောက်ရေတံခွန်တွင် ရေကစားသူ ၃ ဦးရေနစ် ၁ ဦးသေဆုံးခဲ့

0
161

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှိ ပွဲကောက်ရေတံ ခွန်၌ ရေဆင်းကစားသူ ၃ ဦးရေနစ်ကာ တစ်ဦးသေဆုံးသွားခဲ့မှု ဒီဇင်ဘာ ၂၅ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီခန့်က ပွဲကောက်ရေတံခွန်တွင် ရေဆင်းကစားသည့် အမျိုးသား ၂ ဦးနှင့်အ မျိုးသမီး ၁ ဦးတို့ ရေနစ်နေကြောင်း သတင်းအရ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းမှကူညီရန် သွားရောက်ခဲ့ကြသည်။

“ကျွန်တော်တို့အခင်းဖြစ်နေရာကိုရောက်သွားတဲ့အချိန်က ၃ နာရီ ၂၀ မိနစ်လောက်ပေါ့ ကားလမ်း ပိတ်နေတာကြောင့် အဲ့လောက်အချိန်ကြာသွားတာပါ ရောက်တဲ့အချိန် ၃ ယောက်လုံးကို ပွဲကောက်ရေတံခွန်ကတာဝန်ရှိသူတွေနဲ့ရေလာက စားတဲ့လူတွေက ဆယ်ထားပြီးပါပြီ ၃ ယောက်လုံးက မကွေးတိုင်း၊စလင်းမြို့ဘက်ကလို့သိထားပါတယ်”ဟု သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာ၌ ရေနစ်၍ဆယ်ယူထားသူ ၃ ဦးအနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးမှာ ကျန်းမာရေးကောင်းမွန်ပြီး မောင်ကျော်မျိုးအောင်(၁၅)နှစ်မှာ သတိရခြင်းမရှိသဖြင့် သန္တိသု ခအခမဲ့လူမှုကူညီရေးအသင်းဝင်များက အရေးပေါ်ပြုစုကုသပေးခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။

“အရေးပေါ်အသက်ကယ်တဲ့ နည်းလမ်းတွေသုံးခဲ့ပေမယ့် ကောင်လေးက သေဆုံးနေပါပြီ ကျွန် တော်တို့သဘောနဲ့ သေဆုံးတာကို အတည်ပြုချက်မယူခဲ့ပါဘူး ဆေးရုံအရေးပေါ်ဌာနကိုပို့ပေးပြီး ဆရာဝန်ကြီးတွေရဲ့အတည်ပြုချက်ကိုယူခဲ့ပါတယ် ကျန်တဲ့ ၂ ယောက်က အခြေအနေကောင်းတဲ့အတွက် ဆေးရုံမပို့ခဲ့ရပါဘူး”ဟု သန္တိသုခအခ မဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား သန္တိသု ခအခမဲ့လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှတဆင့် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo-သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here