အသက် ၆၀ ကျော် အမျိုးသမီးကြီးအား သနပ်ခါးတုံးဖြင့်ထုသတ်၍ ရွှေဆွဲကြိုးလုယက်သွားသူများအား ၂ ရက်အကြာတွင်ဖမ်းမိ

0
339

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဝက်ကုန်းရပ် ကွက်တွင် နေအိမ်၌တစ်ဦးတည်းရှိနေသည့် အ မျိုးသမီးကြီးအား ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက သနပ်ခါးတုံးဖြင့်ထုသတ်၍ ရွှေဆွဲကြိုးလုယက်သွားသူ ၂ ဦးအား အခင်းဖြစ်ပြီး ၂ ရက်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား ပြစ်မှုကျူးလွန်သွားသူများအား ဖမ်း ဆီးရမိရန် မန္တလေးတိုင်း/ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၏ အဆင့်ဆင့်ကြပ်မတ်မှုဖြင့် အမရပူရမြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူ ၂ ဦးအား အခင်း ဖြစ်ပြီး ၂ ရက်အကြာ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီး လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၅ ရက်(ယနေ့)တွင် သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူ ၂ ဦးသည် အခင်းဖြစ်နေအိမ်သို့ မကြာခနလာရောက်ကြသူ များဖြစ်ကာ သေဆုံးသူဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးအားလုယက်ရန် ကြံစည်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

အခင်းဖြစ်ပွားသည့်နေ့တွင် အမျိုးသမီးကြီးတစ်ဦးတည်းရှိနေချိန်ရောက်ရှိခဲ့ပြီး ရွှေဆွဲကြိုးအားလုယက်စဥ် ၎င်းတို့အားမှတ်မိသွားသဖြင့် သနပ်ခါးတုံးဖြင့် ထုသတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူ ၂ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် အမရပူရမြို့မရဲစခန်းက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here