ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အာဏာရပါတီဥက္ကဌအဖြစ် ဆယ်ကြိမ်မြောက်ထပ်မံရွေးချယ်ခံရ

0
184

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ်ဟာဆီနာသည် အာဝါမီအဖွဲ့ချုပ်ပါတီ၏ဥက္ကဌအဖြစ် စနေနေ့က ဆယ်ကြိမ်မြောက်ဆက်တိုက်ပြန်လည်အရွေးခံခဲ့ရပြီး ၁၉၈၁ ခုနှစ်မှစ၍ယနေ့အထိ အာဝါမီပါတီ၏ သက်တမ်းအရှည်ဆုံးဥက္ကဌဖြစ်လာခဲ့သည်။

အာဝါမီအဖွဲ့ချုပ်ပါတီသည် ၂၀၂၄ ခုနှစ်အစောပိုင်း၌ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေပြီး ပါတီ၏ ၂၂ ကြိမ်မြောက် အမျိုးသားကောင်စီအထွေထွေအတွင်းရေးမှူးအဖြစ် အိုဘိုင်ဒူလ်ကေဒါအား တံခါးပိတ်အစည်းအဝေး၌ ဆွေးနွေးရွေးချယ်ခဲ့သည်။

ဒါကာမြို့တော်အလယ်ရှိဇာတ်ရုံကြီး၌ကျင်းပသည့် အမျိုးသားကောင်စီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လွှားရှိ ကောင်စီဝင်ခုနစ်ထောင်ခန့်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

အာဝါမီအဖွဲ့ချုပ်၏ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သည့် အာမီယာဟိုစိန်အာမူက မစ္စဟာဆီနာအား ပါတီဥက္ကဌအဖြစ်အဆိုပြုတင်သွင်းခဲ့ပြီး တက်ရောက်လာသူအားလုံးက ကန့်ကွက်သူမရှိအတည်ပြုပေးခဲ့သည်ဟုလည်း PTI သတင်းဌာနမှပြောကြားခဲ့သည်။

ပါတီ၏စည်းမျဉ်းအရ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဟာဆီနာသည် ပါတီဥက္ကဌအဖြစ် နောက်ထပ်သုံးနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။သူသည် ၁၉၇၅ ခုနှစ်ဩဂုတ်လ၌ အိန္ဒိယတွင်ပြည်ပြေးတစ်ဦးအဖြစ်နေထိုင်ခဲ့ရာမှဘင်္ဂလားဒေ့ရှ်သို့ပြန်ရောက်ပြီးချိန် ၁၉၈၁ ခုနှစ်ကတည်းက ပါတီအားဦးဆောင်ခဲ့ခြင်းဖြစ်သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here