ရန်ကုန်တိုင်းအတွင်းပြေးဆွဲပေးလျက်ရှိသည့် ခရီးသည်တင် YBS ယာဥ်လိုင်း ၁၅ လိုင်းမှကားများတွင် CCTV များတပ်ဆင်ပြီးဖြစ်

0
148

ရန်ကုန်တိုင်းအတွင်းရှိ ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက်နှိုက်မှုများ၊လုယက်မှုများ၊အခြားမှုခင်းများအား အချိန်မီဖော်ထုတ်နိုင်ရန်နှင့်ခရီးသည်များလုံခြုံစိတ်ချစွာလိုက်ပါစီးနင်းနိုင်ကြရန် CCTV များတပ်ဆင်လျက်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

ထိုသို့ တပ်ဆင်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ ၏ညွှန်ကြားချက်ဖြင့် YRTC မှ ခရီးသည်တင် YBS ယာဥ်လိုင်း ၁၅ လိုင်းရှိ ခရီးသည်တင် YBS ကားများအားလုံးတွင် CCTV များတပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

CCTV များအားတပ်ဆင်ပြီးဖြစ်၍ YBS ကားများပေါ်၌ ဖြစ်ပေါ်နေမှုများ၊ဖြစ်ပျက်ခဲ့မှုများကို YBO (Yangon Bus Operator)Control Center မှတဆင့် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ကျန်ရှိသည့် ခရီးသည်တင် YBS ယာဥ်လိုင်း ၅ လိုင်းမှ YBS ကားများပေါ်တွင်လည်း CCTV များတပ်ဆင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ခရီးသည်တင် YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ YBS ကားစီးရေ ၃၂၀ဝ ကျော်ဖြင့် နေ့စဥ် ခရီးသည် ၁ ဒသမ ၄ သန်းခန့်အား တင်ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here