အမေရိကတွင် နှင်းမုန်တိုင်းကြောင့် လူ ၃၁ ဦး သေဆုံး၊ သိန်းနှင့်ချီ သောလူများ လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရ

0
227

အမေရိကန်နိုင်ငံ နေရာဒေသအများစုတွင် ပြီးခဲ့သည့် အပတ်ကတည်းက စတင်တိုက်ခတ်ခဲ့သော ဆောင်းရာသီ နှင်းမုန်တိုင်းကြောင့် လူ ၃၁ ဦး ထက်မနည်းသေဆုံးပြီး လူသိန်းနှင့်ချီ လျှပ်စစ်မီး မရရှိဘဲ နေထိုင်နေရကြောင်း သိရသည်။

ထိုနေရာများထဲမှ နူးယော့ခ်မြို့နှင့် ဘတ်ဖဲလိုးမြို့ တစ်ဝိုက်သည် နှင်းမုန်တိုင်း၏ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး တနင်္ဂနွေ နံနက်ပိုင်းတွင် ကျဆင်းခဲ့သော ဆီးနှင်းထုသည် ၄၃ လက်မအထိ ရှိခဲ့ကြောင်း နိုင်ငံတော် မိုးလေဝသ ဌာနက ဖော်ပြထားသည်။

ဆီးနှင်းများကျခြင်းနှင့် နှင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် လမ်းများမှာ ဖြတ်သန်း၍ မရနိုင်အောင် ရှိနေပြီး လျှပ်စစ်ဓာတ်အားခွဲရုံများမှာလည်း အေးခဲ၍ အလုပ်မလုပ်တော့ကြောင်းနှင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပန်ဆယ်ဗေးနီးယား ပြည်နယ် အဲလ်ရီ စီရင်စု၏ ကောင်တီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမေရိကတွင် အအေးဒဏ်ပြင်းထန်နေမှုမှာ အရှေ့တောင်၊ အနောက်အလယ်ပိုင်းနှင့် အရှေ့ကမ်းရိုးတန်းရှိ မြို့ကြီးအချို့သည် ဆယ်စုနှစ်များအတွင်း ၎င်းတို့၏ အအေးဆုံး ခရစ်စမတ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အရှေ့ပိုင်းပြည်နယ် အများအပြားတွင် လူပေါင်း ၂ သိန်းကျော်သည် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ နံနက်ခင်းမှစ၍ လျှပ်စစ်မီးမရရှိဘဲ နေထိုင်နေရပြီး လူအများစုမှာ ၎င်းတို့၏ အားလပ်ရက် ခရီးသွားအစီအစဉ်များကို ရပ်ဆိုင်းထားကြသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here