စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်၍ လေယာဉ် ၄၇ စီး စေလွှတ်

0
157

တရုတ်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကို ဖြတ်ကျော်၍ လေယာဉ် ၄၇ စီးကို ဒီဇင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့က စေလွှတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ပြီးခဲ့သည့် လများအတွင်း ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုံအတွင်းသို့ ကျူးကျော် ဖြတ်သန်းမှုများထဲတွင် အစင်းရေအများဆုံးနှင့် အကြီးမားဆုံး ဖြစ်သည်။

ကျူးကျော်လာသည့် လေယာဉ်များမှာ ဂျက်လေယာဉ် ၄၂ စင်း၊ Y-8 ရေကြောင်းကင်းလှည့် လေယာဉ်နှစ်စင်း၊ KJ-500 ကြိုတင်သတိပေး လေယာဉ်တစ်စင်း၊ CH-4 နှင့် WZ-7 စစ်ဘက်ဆိုင်ရာ ဒရုန်းနှစ်စင်း တို့ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်လေယာဉ် စုစုပေါင်း ၇၁ စင်းကိုလည်း ကျွန်းတစ်ဝိုက်တွင် တွေ့ရှိခဲ့ရပြီး ထိုင်ဝမ် စစ်တပ်သည် တိုက်ခိုက်ရေး လေကြောင်းကင်းလှည့် လေယာဉ်များ၊ ရေတပ် သင်္ဘောများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များကို စေလွှတ်ကာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုသို့ စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ တရုတ်အရှေ့ပိုင်း စစ်ဌာနချုပ်က တိုးပွားလာသော အမေရိကနှင့် ထိုင်ဝမ်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here