ဆားဘီးယား၌ ရထားလမ်းချော်ရာမှ အမိုးနီးယားဓာတ်ငွေ့များ စိမ့်ထွက်လာ၊ လူငါးဆယ်ကျော်အမိုးနီးယားအဆိပ်သင့်

0
238

ဆားဘီးယားနိုင်ငံအရှေ့တောင်ပိုင်း ပိုင်းရော့တ်မြို့နယ်၌ ရထားလမ်းချော်မှုဖြစ်ပွားရာမှ အမိုးနီးယားဓာတ်ငွေ့များ စိမ့်ထွက်လာမှုကြောင့် လူပေါင်း ၅၁ ဦး အဆိပ်သင့်ခဲ့ကြောင်း သိရသည်။အဆိုပါအဆိပ်သင့်သူ ၅၁ ဦးအနက် ခုနစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြို့တော်ဝန်ကပြောကြားခဲ့သည်။

အဆိုပါရထားလမ်းချော်ရာမှ စိမ့်ထွက်လာသည့်အမိုးနီးယားဓာတ်ငွေ့များကြောင့် လူဦးရေခြောက်သောင်းခန့်ရှိသည့်မြို့တော်၌ အရေးပေါ်အခြေအနေကြေငြာကာ ပြည်သူများအားနေအိမ်ပြင်ပမထွက်ရန် တိုက်တွန်းထားသည်ဟုလည်းသိရသည်။

အဆိုပါအခြေနေကြောင့်ပင် အမြင်အာရုံပိုင်းဆိုင်ရာပြဿနာများဖြစ်ပေါ်စေပြီး ယာဉ်တိုက်မှုများလည်းဖြစ်ပေါ်စေခဲ့သည်။ဓာတ်ငွေ့စိမ့်ထွက်ရခြင်း အကြောင်းအရင်းကိုမူ မသိရှိရသေးကြောင်းပြောကြားခဲ့ပြီး အကြောင်းရင်းကိုရှာဖွေရန်ကြိုးပမ်းနေကြောင်းလည်း ပြောကြားခဲ့သည်။

အမိုးနီးယားယိုစိမ့်မှုသည် အလွန်အန္တရာယ်များပြီး ဆေးဘက်ဆိုင်ရာအကူအညီအား အချိန်မီမပေးပါက အခိုးအငွေ့များကို ရှုရှိုက်မိလျှင် ဆိုးရွားသော ကျန်းမာရေးအန္တရာယ်ဖြစ်နိုင်ခြေရှိသည်ဟုလည်းဖော်ပြထားသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here