ဆီးနှင်းများထူထပ်စွာကျရောက်မှုကြောင့် ဂျပန်တွင် အနည်းဆုံး ၁၇ ဦးသေဆုံး၊ ၉၀ ကျော် ဒဏ်ရာရ

0
95

ဂျပန်နိုင်ငံ၏ နေရာအနှံ့အပြားတွင် ဆီးနှင်းများ ထူထပ်စွာ ကျရောက်မှုကြောင့် အနည်းဆုံး လူ ၁၇ ဦးခန့်သေဆုံးပြီး လူ ၉၀ ကျော် ဒဏ်ရာရရှိကာ ရာနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဆိုးရွားသော ဆောင်းရာသီကြောင့် ပြီးခဲ့သော သီတင်းပတ်ကတည်းကပင်လျှင် ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသများတွင် ဆီးနှင်းထူထပ်စွာ ကျဆင်းခဲ့ပြီး အဝေးပြေးလမ်းများတွင် ကားအစီးရေ ရာနှင့်ချီသောင်တင်နေကာ ပို့ဆောင်ရေးဝန်ဆောင်မှုများကို နှောင့်နှေးစေခဲ့သည်။

ပြီးခဲ့သည့် စနေနေ့တွင် လူ ၁၁ ဦး သေဆုံးခဲ့ပြီးနောက်၊ ခရစ္စမတ် သီတင်းပတ်ကုန်တွင် ဆီးနှင်းများ ပိုမိုကျဆင်းမှုကြောင့် သေဆုံးသူ အရေအတွက် ၁၇ ဦးအထိ ရှိလာကာ၊ တနင်္လာနေ့ နံနက်ပိုင်းအထိသိရသောအချက်အလက်များအရ ၉၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောကြားခဲ့သည်။ အများစုမှာ ခေါင်မိုးများမှ နှင်းများကို ဖယ်ရှားစဉ် သို့မဟုတ် ထူထပ်သော နှင်းများ ခေါင်မိုးပေါ်မှ လျှောကျနေသော ထူထပ်သော နှင်းအစုအဝေးအောက်တွင် နစ်မြုပ်ခဲ့ကြခြင်းဖြစ်သည်။

နှင်းဒဏ်ခံရသော ဒေသများရှိ ဒေသခံများအား ဆီးနှင်းများ ဖယ်ရှားရေး လှုပ်ရှားမှုများတွင် သတိထားရန်နှင့် တစ်ယောက်တည်း အလုပ်မလုပ်ရန် သက်ဆိုင်ရာ စည်ပင်သာယာရေးရုံးများမှတိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here