ဒီဇင်ဘာ (၂၃) ရက်က ထုတ်ပြန်ခဲ့သည့် သံရုံး၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ(Shangri-la) ၊ Lotte ဟိုတယ် အပါအဝင် နိုင်ငံခြားသားအများစုဝင်ထွက်သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ ၊ ဘားများနှင့် လူစည်ကားရာ နေရာများတွင် ပေါက်ကွဲမှုများ ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက် အဆိုပါနေရာများသို့ မသွားကြရန် ၎င်းတို့၏ သံရုံးဝန်ထမ်းများအပါအဝင် ပြည်သူလူထုကို အမေရိကန်သံရုံးက အသိပေးထားသည်။
အခါကြီးရက်ကြီး အခမ်းအနားများနှင့် ပွဲလမ်းသဘင်များတွင် ဖြစ်ပွားနိုင်ခြေများသည့်အတွက် သင်္ကာမကင်းဖြစ်စရာ အခြေအနေ သို့မဟုတ် အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့များနှင့် လုံခြုံရေး တာဝန်ရှိသူများထံ သတင်း ပို့အကြောင်းကြားကြရန်လည်း အမေရိကန် သံရုံးက တိုက်တွန်းထားသည်။
အမေရိကန် သံရုံးသည် အကြမ်းဖက် ဖြစ်နိုင်သည့် သတင်းများကိုလည်းဆက်လက် စောင့်ကြည့်ပေးနေမည်ဖြစ်ကြောင်း နှင့် အရေးပေါ်အခြေအနေမျိုးတွင် သတိပြုနေထိုင်ရန်များကိုလည်း အသိပေးထားသည်။၄င်းတို့မှာ
ဒေသဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။
သံသယဖြစ်ဖွယ် သို့မဟုတ် အန္တရာယ်ရှိနိုင်သည်ဟု သင်္ကာမကင်း ဖြစ်ပါက ဘေးကင်းရာ ပြောင်းရွှေ့ပြီး အုပ်ချုပ်ရေးအဖွဲ့များသို့ သတင်းပို့ပါ။
ပြည်တွင်းပြည်ပသတင်းများနှင့် ဆိုရှယ်မီဒီယာသတင်းလိုင်းများကို ပုံမှန်စောင့်ကြည့်ပါ။
ခရီးသွားရာတွင်လိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်ထားပါ။ COVID ကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်ဆောင်ထားပါ။
မိမိ၏ လုံခြုံရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး (US နိုင်ငံသားများအနေဖြင့်US အစိုးရ၏ အကူအညီကို အားမကိုးသော) အရေးပေါ် အခြေအနေ အစီအစဉ်ကိုဆွဲထားပါ ဟူ၍ဖြစ်သည်။
Source:https://mm.usembassy.gov/security