ညောင်ဦးတွင် မီးရထားစက်ခေါင်းနှင့် ကားတိုက်မိမှုကြောင့် ၅ ဦးဒဏ်ရာရ

0
81

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၆) ညနေပိုင်းက မီးရထားစက်ခေါင်းနှင့် ကားတိုက်မိမှုကြောင့် ၅ ဦးဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမှ ပုဂံ သို့မောင်းနှင်လာသော မီးရထားစက်ခေါင်းနှင့် တောင်တွင်းကြီးမှ လက်ဝဲရွာသို့ သွားရောက်ရန် မောင်းနှင်လာသော HIAce အမျိုးအစား (အဖြူရောင်) ကားတို့ တိုက်မိ ယနေ့ ညနေ ၆ နာရီ၃၀ မိနစ်ခန့်က တိုက်မိခဲ့ကြခြင်းဖြစ်သည်။

ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့စခန်းမှ သူနာတင်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇ နာရီ ၄၀ မိနစ်အချိန်တွင်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည် ၁၁ ဦး၊ အနက် ကျား (၂)၊ မ (၃) ပေါင်း (၅ )ဦး၊ ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့သည့်အတွက် ညောင်ဦးခရိုင် အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here