စမွတ်ဆာခွန်ခရိုင်၌ ဧည့်စာရင်းမတိုင်ဘဲ‌နေထိုင်သည့် မြန်မာနိုင်ငံသား ၁၉ ဦးငွေဒဏ်ချမှတ်ခံရ

0
141

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့အနီးရှိ စမွတ်ဆာခွန်ခရိုင်ရှိ တိုက်ခန်းများ၌နေထိုင်သည့် မြန်မာနိုင်ငံသားများအနက် ဧည့်စာရင်းမတိုင်ဘဲနေထိုင်သည့် မြန်မာနိုင်ငံသား ၁၉ ဦး ငွေဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

စမွတ်ဆာခွန်ခရိုင်မှ တာဝန်ရှိသူများသည် ဒီဇင် ဘာ ၂၂ ရက်နံနက် ၆ နာရီက မင်စမွတ်ဆာခေါမြို့၊မဟာချိုင်ကျေးရွာ၊ဒိမ်ဘန်လမ်းအနီးရှိ မြန် မာအလုပ်သမားများနေထိုင်သည့် တိုက်ခန်းများအား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ တိုက်ခန်းများတွင်နေထိုင်သည့် မြန်မာ နိုင်ငံသား ၅၃ဦးအနက် ၁၉ ဦးမှာ ဧည့်စာရင်းမတိုင်ဘဲနေထိုင်နေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ဧည့်စာရင်းမတိုင်ဘဲနေထိုင်သည့် မြန် မာနိုင်ငံသား ၁၉ ဦးအား ငွေဒဏ်များချမှတ်၍ ဧည့်စာရင်းမတိုင်ဘဲနေထိုင်ခွင့်ပြုသည့် တိုက်ခန်းပိုင်ရှင်ကိုလည်း ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၃၈ အရ ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၃၇(၂)အရ နိုင်ငံခြားသားအ လုပ်သမားများသည် မိမိရောက်ရှိနေထိုင်သည့် နယ်မြေတွင် ၂၄ နာရီထက်ကျော်လွန်နေထိုင်ပါက လဝကတွင် ဧည့်စာရင်းတိုင်ကြားရမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here