ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၊မြို့ပြ၊ရေသန့်၊လျှပ်စစ်လုပ်ငန်းများကို အပိုင်းလိုက်ဦးစားပေးဆောင်ရွက်ရမည်

0
192

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးမျိုးသန့်မှ ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာစီမံကိန်း၊မြို့ပြ၊ရေသန့်၊လျှပ်စစ်လုပ်ငန်းများကို အပိုင်းလိုက်ပြီးစီးရန် ဦး စားပေးဆောင်ရွက်သွားရမည်ဟု မှာကြားခဲ့သည်။

ယခု အိမ်ရာစီမံကိန်းသည် ရန်ကုန်မြို့၏အဓိကကျသည့် အမှတ်(၂)လမ်းမကြီးနှင့်အမှတ်(၇) လမ်းမကြီးကြား အချက်အခြာကျသည့်နေရာတွင်တည်ရှိကာ စီမံကိန်းလုပ်ငန်းများသတ်မှတ်အချိန်မီပြီးစီးရန် ဝန်ကြီးဌာန၊တိုင်းအစိုးရအဖွဲ့၊မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်နှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှပူးပေါင်းဆောင် ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ပြည်သူ့အတွက် ဆောင်ရွက်တဲ့စီမံကိန်းဖြစ်လို့ အခက်အခဲရှိပေမယ့်လည အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ရန်ကုန်မြို့က ပြည်သူတွေနေထိုင်ရေးအဆင်ပြေစေဖို့ ဒီအိမ်ရာစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ယခုတည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းသည် ပထမအဆင့်အ နေဖြင့် အဆောက်အဦး ၁၉၄ လုံး၊အိမ်ခန်းပေါင်း ၃၁၀၄ ခန်းရှိသည့်အနက် အဆောက်အဦး ၁၂၁ လုံး၊အိမ်ခန်းပေါင်း ၁၉၃၆ ခန်းအား ၂၀၂၃ ခုနှစ်၊မတ်လတွင် ပြီးစီးအောင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကျန်ရှိသည့်အဆောက်အဦး ၇၃ လုံး၊အိမ် ခန်းပေါင်း ၁၁၆၈ ခန်းကိုလည်း အပိုင်းလိုက် ပြီး စီးအောင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here