Antibiotics မှ ကိုင်ဇာတင်မုံကွယ်လွန်ခြင်း စျာပနမြင်ကွင်းအခမ်းအနား

0
515

ကိုင်ဇာတင်မုံဟာဒီဇင်ဘာလ ၂၅ ရက်နေ့က နှလုံးရပ်တန့်ကာခရစ်တော်၌အိပ်ပျော်သွားခဲ့တာဖြစ်ပြီး ယနေ့ ဒီဇင်ဘာ လ ၂၇ ရက်နေ့ မနက်၁၁ နာရီ ထိန်ပင်သုဿန်မှာ မီးသဂြိုလ်ခဲ့တာဖြစ်ပါတယ်။

ကိုင်ဇာတင်မုံဟာဆေးလိပ် သီချင်း မျက်နှာသီချင်း အာကာသပြတိုက်သီချင်းတွေအပြင် တခြားသောသီချင်းများလည်းရေးသားသီဆိုခဲ့တာဖြစ်ပါတယ်။

ကိုင်ဇာတင်မုံရဲ့စျာပနအခမ်းအနားကိုဂီတအသိုင်းအဝိုင်းနှင့် ချစ်ခင်ကြတဲ့မိတ်‌ဆွေများ လာရောက်ခဲ့ပြီး နောက်ဆုံးနှုတ်ဆက်ခဲ့ကြတဲ့အပြင်ကွယ်လွန်သွားခဲ့တဲ့အတွက်အလွန်ပင်စိတ်မကောင်းဝမ်းနည်းမိပါကြောင်း ဂီတအသိုင်းအဝိုင်းမှရင်းနှီးသူများမှဝမ်းနည်းစကားဆိုပါတယ် ။

ကိုင်ဇာတင်မုံဟာ သူ မကွယ်လွန်မီရက်ပိုင်းလောက်မှာ ဂီတပွဲဲတစ်ပွဲလုပ်ခဲ့တာဖြစ်ပြီး အခုလိုကွယ်လွန်သွားခဲ့တဲ့အတွက်သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက်သူ့ရဲ့နောက်ဆုံးနှုတ်ဆက် ပွဲလေးဖြစ်သွားခဲ့ကြောင်းသိရပါတယ်။

ကိုင်ဇာတင်မုံဟာ၂၁ရက် ဇန်နဝါရီလ ၁၉၈၀မှာ မွေးဖွားခဲ့ပြီး အသက်၄၂နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here