ထိုင်ဝမ်အနီးမှတရုတ်၏ရန်စသည့်စစ်ရေးလေ့ကျင့်မှုများကိုစိုးရိမ်မိဟုအမေရိကဆို

0
190

ဝါရှင်တန်၊ဒီဇင်ဘာ ၂၆

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံ၏ ထိုင်ဝမ်အနီးတစ်ဝိုက်ပြုလုပ်သည့် စစ်ရေး‌လေ့ကျင့်မှုများအပေါ်  စိုးရိမ်မိကြောင်းဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါလုပ်ရပ်သည် ရန်စသည့်သဘောပါဝင်ပြီး ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်ပေါ်စေသည်ဟုလည်း အိမ်ဖြူတော်ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် အမေရိက၏ ယခင်ကတိကဝတ်များနှင့်အညီ လုံလောက်သည့် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို ထိန်းသိမ်းထားနိုင်စေရန် ထိုင်ဝမ်အား ဆက်လက်ကူညီသွားမည်ဟုလည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်လေယာဉ်များနှင့်ဒရုန်းများ အပါအဝင် တရုတ်လေတပ်မှ တိုက်လေယာဉ်ခုနစ်ဆယ့်တစ်စီးသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်သို့ လွန်ခဲ့သည့် ၂၄ နာရီအတွင်းက ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်အစိုးရကပြောကြားခဲ့ပြီး ယနေ့အထိ အကြီးမားဆုံး ကျုးကျော်မှုလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here