အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးရာရောက်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနတုန့်ပြန်

0
350

အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အ တွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act–NDAA) (H.R.7900) အား ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့သည်။

ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် “BURMA Act of 2022” အားထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ယင်းအက်ဥပဒေတွင် မြန်မာ နိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက် ဖက်နှောင့်ယှက်ခြင်း၊အချုပ်အခြာအာဏာကို ထိပါးရာရောက်သည်ဟု တုန့်ပြန်ခဲ့သည်။

ထို့ပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှုများသည် အကြမ်းဖက်မှုကိုအားပေးရာရောက်ပြီး မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက်ရှိသည်ဟု တုန့်ပြန်ပေးပို့ခဲ့သည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(Independent Investigative Mechanism for Myanmar – IIMM)သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်သည့်လုပ်ရပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း သံတမန်စာအား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် မြန်မာသံရုံး၊ဝါရှင်တန်မြို့မှတစ်ဆင့် ပေးပို့ခဲ့သည်။

ထို့ပြင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန် ခံမှလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၊မြန်မာနိုင်ငံတာဝန်ခံညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆ ရက်ကဆက်သွယ်၍ တရားဝင်ထပ်မံကန့်ကွက်ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်ကလည်း ရန်ကုန်မြို့၊အမေရိကန်သံရုံးမှ သံ ရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn အား ဒီဇင်ဘာ ၁၆ ရက်တွင် နိုင်ငံခြားရေးဝန်ကြီး ဌာန(ရန်ကုန်)သို့ ဆင့်ခေါ်တွေ့ဆုံ၍ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။

ထို့ပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် သံတမန်စာ(မူရင်း)အား လက် ရောက်ပေးအပ်ခြင်းဖြင့်လည်း မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုများဆောင်ရွက်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here