ရုရှား၏ အဆိုပြုချက်များကို ယူကရိန်းက မလိုက်နာလျှင် ရုရှားစစ်တပ်က ဆုံးဖြတ်မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် ဆို

0
181

ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန်အတွက် ကြေညာထားသော မော်စကို၏ အဆိုပြုချက်များကို ကိယက်ဗ်က ကောင်းစွာ သိရှိနေကြောင်းနှင့် ယူကရိန်းက ထိုအဆိုပြုချက်များအား သူတို့ကောင်းကျိုးအတွက် လိုက်နာရင်နာ မလိုက်နာရင် ရုရှားစစ်တပ်က ဆုံးဖြတ်မည်ဖြစ်ကြောင်း တပ်စ် သတင်းဌာနက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

“ယူကရိန်းအစိုးရက ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်ကင်းမဲ့ရေးနှင့် နာဇီဝါဒ ကင်းစင်ရေး နယ်မြေအဖြစ် ပြုလုပ်ပေးဖို့၊ အဲဒီနယ်မြေကနေ ထွက်ပေါ်လာနေတဲ့ ရုရှားနဲ့ ရုရှားနယ်မြေအသစ်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ဒါတွေကို ရန်သူဘက်ကလည်း ကောင်းကောင်း သိထားပါတယ်” လာရောဗ့်က ဒီဇင်ဘာလ ၂၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

မော်စကိုသည် အဆိုပါ အရေးအခင်းအား အိမ်နီးချင်းဖြစ်သည့် ယူကရိန်းကို စစ်မဲ့နယ်မြေအဖြစ် ပြုလုပ်ရေးနှင့် နာဇီဝါဒ ရှင်းလင်းမည့် အထူးစစ်ဆင်ရေးဟု ခေါ်ဆိုကာ စတင်ခဲ့သည်။ ကိယက်ဗ်နှင့် အနောက်အုပ်စုကမူ နယ်မြေသိမ်းပိုက်ရန်အတွက် လုပ်ဆောင်ခဲ့သည့် ရန်လိုမှုတစ်ခုဟုသာ သတ်မှတ်ခဲ့သည်။

အရေအခင်း သည် မည်မျှကြာမြင့်မည် ဟူသော တပ်စ်သတင်းဌာန၏ မေးမြန်းချက်ကို လာရောဗ့်က အဆုံးအဖြတ်သည် ယူကရိန်း အစိုးရနှင့် ၎င်း၏ နောက်ကွယ်ရှိ ဝါရှင်တန်တွင်သာ ရှိကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here