တရုတ်လာမည့် ခရီးသွားများဇန်နဝါရီ ၈ ရက်မှစ၍ ကွာရန်တင်းဝင်ရန်မလိုတော့

0
192

ပေကျင်း၊ဒီဇင်ဘာ ၂၇

လာမည့် ဇန်နဝါရီ ၈ ရက်မှစကာ တရုတ်နိုင်ငံသို့လာမည့်ခရီးသည်များအတွက် ကွာရန်တင်းဝင်ရသည့်စနစ်အား ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောကြားခဲ့သည်။

ကွာရန်တင်းမလိုပဲ နိုင်ငံတွင်းဝင်ရောက်နိုင်ရန်အတွက် ဧည့်သည်အနေဖြင့် လေယာဉ်ပေါ်မတက်မီ ၄၈ နာရီအတွင်းစစ်ထားသည့် ကိုဗစ်ကင်းရှင်းကြောင်း PCR ကိုပြရမည်ဟုဆိုသည်။

၂၀၂၀ ပြည့်နှစ် မတ်လကမူ တရုတ်နိုင်ငံတွင်းဝင်ရောက်လိုသည့် ခရီးသွားများအနေဖြင့် ကွာရန်တင်း ကို နှစ်ပတ်မဖြစ်မနေဝင်ရပြီး နောက်ပိုင်းတွင် သုံးပတ်အထိတိုးမြှင့်ခဲ့သည်။

သို့သော် အဆိုပါတင်းကြပ်မှုများကြောင့် စီးပွားရေးထိခိုက်ခဲ့သဖြင့် ဖြည်းဖြည်းချင်းလျှော့ချရန်ကြိုးပမ်းနေခဲ့ကာ လာမည့်ဇန်နဝါရီတွင် ကွာရန်တင်းစနစ်ကို ရုပ်သိမ်း ပေးရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here