(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

0
252

၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား မြင်းစီးအားကစားပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ ကျင်း ပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် နိုင်ငံတကာပြိုင်ပွဲ(Show Jumping 1meter)၊ ရိုးရာပြိုင်ပွဲ၏ အငယ်တန်းပြိုင်ပွဲတွင် အမြင့်(၄)ပေ၊ ၁၀ လက်မအောက်၊အလတ်တန်းပြိုင်ပွဲတွင် အမြင့် ၄ ပေ၊ ၁၀ လက်မမှ ၅ ပေအထိ၊ အကြီးတန်းပြိုင်ပွဲတွင် ၅ ပေမှ ၅ ပေ ၂ လက်မအ ထိနှင့်အထူးတန်းပြိုင်ပွဲတွင် အမြင့် ၅ ပေ ၂ လက်မအထက်တို့ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊အားကစားကွင်းတွင် နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here