ဆောင်းရာသီမုန်တိုင်းကြောင့် နယူးယောက်ပြည်နယ်တွင် သေဆုံးသူ ၂၇ ဦးရှိလာ

0
204

ဆောင်းရာသီ မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်း အအေးလွန်ကဲသော ဆီးနှင်းကျဆင်းမှုများဖြစ်ပွားကာ လူများဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေသဖြင့်၊ နယူးယောက်ပြည်နယ် ဘတ်ဖလိုးဒေသက တာဝန်ရှိသူများက သေဆုံးသူဦးရေ ဆက်လက်တိုးလာမည်ကိုစိုးရိမ်နေကြကြောင်းသိရသည်။

အချို့နေရာများတွင် နှင်းထု လက်မ ၄၀ ထက်ကျော်လွန်သော မုန်တိုင်းကြောင့် တစ်နိုင်ငံလုံး သေဆုံးမှုမှာ တနင်္လာနေ့တွင် ၄၉ ဦးအထိ တိုးမြင့်လာပြီး နယူးယောက်၊ Erie ကောင်တီတွင် ၂၇ ဦး သေဆုံးခဲ့သည်။

“ကံမကောင်းစွာဖြင့်၊ အလောင်းများကို ပြန်လည်ရရှိနေဆဲဖြစ်သည်”ဟု ဘတ်ဖဲလိုးဒေသ ရဲမင်းကြီး Joseph Gramaglia က ပြောသည်။

ဒေသခံများအား “အိမ်မှာနေကြပါ။ အပြင်မထွက်ကြပါနှင့်”ဟု ဒေသအုပ်ချုပ်ရေးမှူးက သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here