စစ်မှုထမ်းရမည့် ကာလကို တစ်နှစ်အထိ ထိုင်ဝမ် တိုးမြှင့်

0
240

တိုင်ပေ၊ ဒီဇင်ဘာ ၂၇

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှု အန္တရာယ် တိုးလာသည်ကို အကြောင်းပြု၍ မဖြစ်မနေ စစ်မှုထမ်းရမည့် ကာလကို လေးလမှ တစ်နှစ်သို့ တိုးမြင့်လိုက်ကြောင်း ဒီဇင်ဘာလ ၂၇ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

“ထိုင်ဝမ်ကိုတရုတ်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ပိုပိုပြီး သိသာထင်ရှားလာပါတယ်။ စစ်ကိုတော့ ဘယ်သူမှ အလိုမရှိပါဘူး။ ဒါပေမဲ့ တိုင်းသူပြည်သားတို့ရေ ငြိမ်းချမ်းရေးက ကောင်းကင်ကနေ ကျလာမှာမဟုတ်ပါဘူး။ လက်ရှိ လေးလကြာ စစ်မှုထမ်းကာလဟာ မြန်ဆန်ပြီး အမြဲပြောင်းနေတဲ့ အခြေအနေတွေအတွက် လုံလောက်မှု မရှိတော့ပါဘူး။ ဒါကြောင့် ၂၀၂၄ ခုနှစ်ကနေစပြီး တစ်နှစ်တာ စစ်မှုထမ်းခိုင်းဖို့ ဆုံးဖြတ်လိုက်ရပါတယ်” ဟု ထိုင်ဝမ်သမ္မတ ချိုင်အင်ဝမ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

အဆိုပါ တိုးမြှင့်လိုက်သော စစ်မှုထမ်းကာလသည် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်း မွေးဖွားသော အမျိုးသားများမှစ၍ အကျုံးဝင်မည်ဖြစ်သည်ဟု ချိုင်က ဆိုသည်။

စစ်မှုထမ်းသူများသည် သေနတ်ပစ်လေ့ကျင့်မှုများ၊ အမေရိကန်တပ်ဖွဲ့များအသုံးပြုသော တိုက်ခိုက်ရေး ညွှန်ကြားချက်များ အပါအဝင် ပိုမိုပြင်းထန်သော လေ့ကျင့်မှုများကို ခံယူရမည်ဖြစ်ပြီး စတင်ဂါ လေယာဉ်ပစ်ဒုံးကျည်များနှင့် တင့်ကားဖျက်ဒုံးကျည်များ အပါအဝင် ပိုမိုအားကောင်းသော လက်နက်များကို အသုံးပြုနည်းကိုပါ သင်ကြားရမည်ဟု ချိုင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ် နောက်ပိုင်း ကျွန်းတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများ တိုးမြင့် ဆောက်ရွက်ခဲ့ပြီး တနင်္ဂနွေနေ့ကလည်း လေယာဉ် ၄၃ စီးကို ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကို ဖြတ်ကျော်၍ စေလွှတ်ခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here