လမ်းဘေးသစ်ပင်အား Honda Insight ကားကဝင်တိုက်ပြီး မီးလောင်ခဲ့သဖြင့် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့မှု လှည်းကူးမြို့တွင်ဖြစ်ပွား

0
292

ရန်ကုန်တိုင်း၊လှည်းကူးမြို့၊သပိတ်ကုန်းကွေ့တွင် ဒီဇင်ဘာ ၂၇ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယင်းနေ့ည ၁၀ နာရီ ၃ မိနစ်ခန့်က လှည်းကူးမြို့၊သပိတ်ကုန်းကွေ့တွင် Honda Insight ကားသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အားဝင်တိုက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

သတင်းအရ လှည်းကူးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“လူနာရှိရင်သယ်ရအောင် ကျွန်တော်သွားတော့ ရောက်သွားတဲ့အချိန် သေဆုံးနေတဲ့အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကိုပဲတွေ့ရပါတယ် ကားပေါ်မှာသူတစ်ယောက်ထဲပဲတွေ့ရပါ”ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်းကားဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here