အင်းစိန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရ

0
206

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်တွင် ဒီဇင်ဘာ ၂၈ ရက်(ယနေ့)နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားမှုအား Level 1 အဆင့်ဖြင့်ငြိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၁၈ မိနစ်ခန့်က အင်းစိန်မြို့ နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊ပြည်လမ်း၊ (၁၀) မိုင်ကုန်းအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဖြစ်စဥ်အား သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအ သင်းများနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး နံနက် ၉ နာရီ ၂၆ မိနစ်၌ Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၉ နာရီ ၃၃ မိနစ်၌မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here