မြဝတီမြို့တွင် ဖုန်းနှင့်လျှပ်စစ်အားသွင်းအသုံး ပြုရသည့် ပစ္စည်းများအားသွင်းနိုင်သည့် နေရာများ၌ အားသွင်းသူများပြား

0
108

ကရင်ပြည်နယ်၊မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဖုန်းနှင့်လျှပ်စစ်အားသွင်းအသုံးပြုရသည့် ပစ္စည်းများအား အခမဲ့အားသွင်းနိုင်သည့်နေရာများအား တာဝန်ရှိသူများနှင့်စေတ နာရှင်များက ဖွင့်လှစ်ပေးထားသည်။

မြဝတီမြို့ရှိ မြို့နယ်လျှပ်စစ်ရုံး​ရှေ့၊အမှတ်(၄)ရပ် ကွက်အုပ်ချုပ်​ရေးမှူးရုံး​ရှေ့၊ကြခ​တ္တောဘုန်းကြီး​ကျောင်​ရှေ့တို့တွင် အခမဲ့လျှပ်စစ်အားသွင်းနိုင်ရန် စီစဥ်ပေးထားကြောင်း သိရသည်။

“ဖုန်း ပါဝါဘဏ့် လျှပ်စစ်အားသွင်းရတဲ့မီးလုံးတွေပေါ့ အဲဒါတွေအများဆုံးလာသွင်းကြတယ် အားသွင်းနေတဲ့အချိန်ကတော့စောင့်နေရတာပေါ့ လူလည်းများတော့ ခနတဖြုတ်လောက်တော့စောင့်ရတယ် အဆင်ပြေပြေနဲ့တော့အားသွင်းလို့ရပါတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

လျှပ်စစ်အားလာသွင်းသူများ အရိပ်ရစေရန်နှင့်သက်တောင့်သက်သာဖြစ်စေရန် အမှတ်(၄)ရပ် ကွက်အုပ်ချုပ်​ရေးမှူးရုံးမှ အားသွင်းသည့်နေရာ၌ အမိုးပြုလုပ်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သင်္ဃန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားပေးရုံအား PDF အဖွဲ့ဝင်များက Drone ဖြင့်ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် မြဝတီမြို့၊ကော့ကရိတ်မြို့နှင့်အနီးဝန်းကျင်တစ်ဝိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိခြင်းဖြစ်သည်။

Photo-Ko Win Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here