ဂျပန်သည် လာမည့်နှစ်တွင် လုပ်ခလစာ တိုးမြင့်ရေး ကိုထိပ်တန်းဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်

0
237

တိုကျို၊ ဒီဇင်ဘာ ၂၈

ဂျပန်အစိုးရသည် လာမည့်နှစ်တွင် ၎င်း၏စီးပွားရေးမူဝါဒ၌ လုပ်ခလစာတိုးမြှင့်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ ဒုတိယအတွင်းဝန်ချုပ် ဆဲဂျီ ကီဟာရာက ဒီဇင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံရဲ့ စီးပွားရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ လုပ်ခလစာ တိုးမြင့်မှု မရှိတာပါပဲ။ လုပ်အားခတွေ တိုးမလာဘူးဆိုရင် သုံးစွဲမှုလည်း တိုးလာမှာ မဟုတ်သလို ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း တိုးလာမှာ မဟုတ်ဘူး” ဟု ကီဟာရာက ရုပ်မြင်သံကြား အစီအစဉ်တစ်ခုအတွင်း ပြောခဲ့သည်။

လစာမည်မျှ တိုးပေးမည်ကို ကုမ္ပဏီများက ဆုံးဖြတ်ပေးရသော်လည်း အစိုးရသည် အခွန်မက်လုံးများဖြင့် [အခွန်လျှော့] မြင့်မားသော လုပ်ခလစာများ ရရှိစေရန် ကူညီပေးနိုင်ကြောင်း ကီဟာရာက ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ လုပ်ခလစာ တိုးမြင့်လာစေဖို့အတွက် ပိုမိုအာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကုန်စျေးနှုန်းတွေ တက်လာတဲ့အတွက် လစာတိုးလာဖို့ကလည်း အထူးအရေးကြီးပါတယ်” ဟု ကီဟာရာက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ စားသုံးသူဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းသည် နိုဝင်ဘာလတွင် ၃ ဒသမ ၇ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ အတွင်း စံချိန်တင်မြင့်မားခဲ့ပြီး လုပ်ခလစာ တိုးမြင့်လာခြင်း မရှိသေးသော အိမ်ထောင်စုများကို ပိုပိုတိုးလာသော အစားအသောက်ဈေးနှုန်းများက အခက်တွေ့စေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here