မြောက်ကိုရီးယား ကာကွယ်ရေးစွမ်းရန် ၂၀၂၃ တွင် ပိုမိုအားကောင်းအောင်လုပ်မည်ဟုဆို

0
240

မြောက်ကိုရီးယားသည် ကိုရီးယားကျွန်းဆွယ်ရှိ ရန်စသည့်အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ၂၀၂၃ ခုနှစ်တွင် ၎င်း၏ကာကွယ်ရေးစွမ်းရည်များကို ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အလုပ်သမားများဗဟိုကော်မတီ၏ ဒုတိယနေ့အစည်းအဝေး ဒုတိယနေ့တွင် အစီရင်ခံပြောကြားခဲ့သည်။ အဆိုပါ ဦးတည်ချက်အတွက် အဓိကပန်းတိုင်များကို အလေးပေးဖောဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း Voice of Korea ရေဒီယိုမှ ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်သွားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ အစီရင်ခံစာသည် ကိုရီးယားကျွန်းဆွယ်ရှိ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာကာ “နိုင်ငံတကာ နိုင်ငံရေးအခြေအနေ” နှင့် “ရန်ဘက်များကို တန်ပြန်ရန်” အတွက် နိုင်ငံခြားရေးမူဝါဒနှင့် လမ်းညွှန်ချက်များကို တင်ပြထားကြောင်း Voice of Korea က ဆိုသည်။ ဘက်စုံပြောင်းလဲနေသော အခြေအနေများကို တုံ့ပြန်ရန်အတွက် ၎င်း၏အဓိကရည်မှန်းချက်အဖြစ် ၂၀၂၃ ခုနှစ်တွင် တိုင်းပြည်၏ကာကွယ်ရေးစွမ်းရည်များ ယခုထက် ပိုမိုအားကောင်းလာစေရန်လည်း ချမှတ်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့အပြင် မြောက်ကိုရီးယား၏ ယေဘုယျ အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီဝင်များနှင့် အခြားခေါင်းဆောင်များအနေဖြင့် ချမှတ်ထားသော အလုပ်များကို ပြီးမြောက်စေရန်အတွက် “ချဉ်းကပ်ပုံနှင့် အလုပ်ပုံစံကို အခြေခံကျကျ ပြောင်းလဲရမည်” ဟုလည်း ကင်ဂျုံအန်းက ၎င်း၏ အစီရင်ခံစာတွင် မှတ်ချက်ပြုခဲ့သည်။ ဗဟိုကော်မတီ စုံညီအစည်းအဝေးသည် ရက်အတော်ကြာ ကြာမြင့်မည်ဟု မျှော်လင့်ရသည်။

အစီရင်ခံစာ၏ အခြားသော အသးစိတ်အချက်အလက်များနှင့် နိုင်ငံ့ခေါင်းဆောင်ပိုင်းမှ ချမှတ်ထားသော ကာကွယ်ရေးဆိုင်ရာ တိကျသောပန်းတိုင်များကိုမူ Voice of Korea က ထုတ်လွှင့်ခြင်းမပြုသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here